ရန်ကုန် အောက်တိုဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ယနေ့ နံနက်ပိုင်းတွင် စိတ်ကျန်းမာရေးဆေးရုံကြီး(ရန်ကုန်)တွင် ရေဝင်ရောက်မှုကို ကြည့်ရှုစစ်ဆေးပြီး ဆေးရုံဝန်ထမ်းများနှင့် လူနာများအတွက် အစားအစာများ ပေးအပ်လှူဒါန်းသည်။
နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည်အဖွဲ့ဝင်များနှင့်အတူ မိုးသည်းထန်စွာရွာသွန်း မှုကြောင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ စိတ်ကျန်း မာရေးဆေးရုံကြီး(ရန်ကုန်)အနီး ရေဝင်ရောက်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရေများဝင်ရောက်မှုမရှိနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်၊ လျှပ်စစ်အ န္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင်ရွက်ရန်၊ ဆေးရုံအတွင်းအပြင် ရေစီးရေလာကောင်းမွန်ရေးဆောင် ရွက်ရန်နှင့် လိုအပ် သည်များကို မှာကြားသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေများ စုပ်ယူမည့် Hydrant ဘက်စုံသုံး စက်ကိရိယာများရောက်ရှိနေမှု၊ ဆေးရုံအတွင်း ရေဝင်ရောက်နေသည့် နေရာများနှင့် လျှပ်စစ်မီးပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး ဆေးရုံဝန်ထမ်းများနှင့်လူနာများအတွက် ရေသန့်ဘူး၊ ယမ်ယမ် ခေါက်ဆွဲ၊ ဆီဘူး၊ ထမင်းဘူး၊ ဆန်အိတ်များနှင့် အသားများထောက်ပံ့ပေးအပ် လှူဒါန်းရာ စိတ်ကျန်းမာရေးဆေးရုံကြီး (ရန်ကုန်)၊ ဆေးရုံအုပ်ကြီး ဒေါက်တာခင်သန်းမွန်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)