နေပြည်တော်    အောက်တိုဘာ    ၁၃

 

နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့်  ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် တို့မှ ပူးပေါင်းဆောင်ရွက်၍  နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများအတွက် ကုလသမဂ္ဂရုံးသုံးဘာသာ စကားများဖြစ်သည့်  အာရပ်သာသာ စကားမှအပ အင်္ဂလိပ်၊ တရုတ်၊ ပြင်သစ်၊ ရုရှား၊ စပိန်နှင့် အခြားဘာသာ စကားများဖြစ်ကြသည့် ထိုင်း၊ ကိုရီးယား၊ ဂျာမန်နှင့် ဂျပန်၊ အီတလီ စုစုပေါင်း ဘာသာစကား၁၀ မျိုး သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန(နေပြည်တော်)ရှိ လောကနတ်ခန်းမ၌ ကျင်းပရာ  ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်၍ သင်တန်းဖွင့်ပွဲအမှာစကား ပြောကြားသည်။

 

င်တန်းဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ  ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်၊ ဒုတိယပါမောက္ခချုပ်များ၊ သင်တန်း နည်းပြများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား သန်တန်းသူများ တက်ရောက်ကြသည်။

 

အဆိုပါဘာသာစကားသင်တန်းများကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၌  ယနေ့မှစတင်၍   အွန်လိုင်းစနစ်ဖြင့် လည်းကောင်း In-person စနစ်ဖြင့်လည်းကောင်း  ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးရှိ အရာထမ်း/အမှုထမ်း စုစုပေါင်း ၁၉၄ ဦး တက်ရောက်ကြမည်ဖြစ်ရာ ဘာသာစကား အသီးသီးကို ကျွမ်းကျင်တတ်မြောက်နိုင်ရန်နှင့် ထိရောက်ပိုင်နိုင်စွာ အသုံးချနိုင်ရန်အတွက် လေ့ကျင့်သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်