နေပြည်တော် အောက်တိုဘာ ၁၃

 

အလုပ်သမားဝန်ကြီးဌာန လူမှု ဖူလုံရေးအဖွဲ့၏ ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင်မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၃)  သင်တန်း ဆင်းပွဲ  အခမ်းအနားကို  ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်) စုဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ အလုပ်သမား ဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အရာ ထမ်းများ၊ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင်   ဒုတိယဝန်ကြီးက   လူမှုဖူလုံရေးအဖွဲ့ အနေဖြင့် အလုပ်ရှင်၊ အလုပ်သမား များ၏ ယုံကြည်ကိုးစား ရသည့် လူမှုဖူလုံရေး  စီမံကိန်းအဖြစ် အကောင်အထည်ဖော်နိုင်ရန် လက်ရှိဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲ လုပ်ကိုင်နေမှုနှင့် ဝန်ဆောင်မှုပေးခြင်းတို့ကို ထဲထဲ ဝင်ဝင်သိရှိပြီး တက်ကြွစွာပါဝင် ဆောင်ရွက်ရန်လိုကြောင်း၊ လူမှု ဖူလုံရေးအဖွဲ့မှ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင်အားဖြင့် လူမှုဖူလုံရေးစီမံကိန်းကို အောင်မြင်စွာ   အကောင်အထည်ဖော် ဆောင်ရွက်လျက် အာမခံအလုပ် သမားများ၏  လူမှုစီးပွားဘဝ လုံခြုံမှုရရှိရေးကို   အလေးထား ဆောင်ရွက်ပေးနေမှုအပေါ် ဝန်ထမ်း အားလုံး  တန်ဖိုးထားဂုဏ်ယူရ မည်ဖြစ်ကြောင်း၊။

 

ထို့ပြင် နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ လိုက်နာကျင့်ကြံ ရမည့် ဥပဒေ၊ နည်းဥပဒေများ၊ ရုံးလုပ်ငန်းလက်စွဲများ၊ ဦးစီးဌာန၊ အဖွဲ့များမှ စစ်ဆေးစည်းကြပ်သည့် အလုပ်သမားရေးရာဥပဒေ၊ နည်းဥပဒေများကို ကျေညက်စွာ သိရှိနားလည်ပြီး လိုက်နာကြရန်နှင့်  ပေးအပ်သည့်တာဝန်များကို စိတ်စေတနာကောင်းဖြင့် ကျေပွန်စွာ  ထမ်းဆောင်ရန်၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိ ပြီး စည်းကမ်းရှိ၍ စွမ်းဆောင်ရည် ပြည့်ဝသော နိုင်ငံ့ဝန်ထမ်းကောင်း များဖြစ်အောင် ကြိုးစားရန် တိုက် တွန်းပြောကြားသည်။   

သတင်းစဉ်