ဟွာလောင်း  အောက်တိုဘာ  ၁၃

 

ဗီယက်နမ်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၁၁)ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး (ASEAN Ministerial Meeting on Disaster Mana- g ement-AMMDM) နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်လျက်ရှိသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်    ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ပိုင်းတွင် ဟွာလောင်းမြို့၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး နေ့အခမ်းအနားနှင့် အာဆီယံသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုနေ့ (ASEAN Day on Disaster Management)  အခမ်းအနားများသို့ တက်ရောက်သည်။

 

ကြည့်ရှုအားပေး

ဦးစွာ  ပြည်ထောင်စုဝန်ကြီးနှင့်  အဖွဲ့သည် အထိမ်းအမှတ် အခမ်းအနားကျင်းပရာ ဟွာလောင်းမြို့ရှိ Bai Chay အလယ်တန်းကျောင်းသို့ ရောက်ရှိပြီး အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဖွဲ့စည်းမှု  အနှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် အာဆီယံဒေသအတွင်း သဘာဝဘေးမကျရောက်မီ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများနှင့်    ပူးပေါင်း ဆောင်ရွက်မှုများဆိုင်ရာ    မှတ်တမ်းဗီဒီယိုနှင့် ဗီယက်နမ်နိုင်ငံ၏ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးဆိုင်ရာ   ပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုများပြသမှုကို လေ့လာကြည့်ရှုအားပေးသည်။

 

တက်ရောက်

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်သော  သဘာဝဘေးအန္တရာယ်ကြောင့်  ထိခိုက်ဆုံးရှုံးနိုင်ခြေ  လျှော့ချရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်သည့် အခမ်းအနားသို့ တက်ရောက်သည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဗီယက်နမ်နိုင်ငံ၏ သဘာဝအခြေခံခရီးသွား လုပ်ငန်းနေရာ တစ်ခုဖြစ်သော ယူနက်စကို (UNESCO) ၏   ကမ္ဘာ့အမွေအနှစ်စာရင်းဝင်  ဟွာလောင်းပင်လယ်အော်သို့ သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။                 

သတင်းစဉ်