အောက်တိုဘာ ၂၀
မွန်ဂိုလီးယားနိုင်ငံသို့ ယခုနှစ်အောက်တိုဘာလအထိ နိုင်ငံခြားသားခရီးသွား ၅၄၂၁၂၃ ဦး ဝင်ရောက်ခဲ့ကြောင်း မွန်ဂိုလီးယားနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ယနေ့တွင် ဖော်ပြထားသည်။
အဆိုပါခရီးသွားများအနက် ရုရှား၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့မှအများဆုံးလာရောက်ကြသည်ဟု သိရသည်။
ယခုနှစ်အောက်တိုဘာ ၁၂ ရက်နေ့အထိ နိုင်ငံအတွင်းသို့ဝင်ရောက်သော နိုင်ငံခြားသားခရီးသွားများထံမှ အမေရိကန်ဒေါ်လာ သန်း ၇၀၀ နီးပါး ဝင်ငွေရရှိခဲ့ကြောင်း ဖော်ပြထားသည်။
မွန်ဂိုလီးယားနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုဖြစ်ပွားချိန်က အထိနာခဲ့သော ခရီးသွားကဏ္ဍ ပြန်လည် ရှင်သန်လာစေရန် စီမံချက်များချမှတ်ခဲ့သည်။
ဇန်နဝါရီလက ဗီဇာကင်းလွတ်ခွင့်ပြုသည့်နိုင်ငံ ၃၄ နိုင်ငံရှိရာမှ လက်ရှိအချိန်အထိ ဗီဇာကင်းလွတ်ခွင့်ပြုသည့် နိုင်ငံ ၆၁ နိုင်ငံရှိလာပြီဖြစ်သည်။
ခရီးသွားလုပ်ငန်းမြှင့်တင်ရန် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်ကို မွန်ဂိုလီးယားခရီးသွားနှစ်ဟုလည်း ကြေညာထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို