မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားဖျက်သိမ်းရေးအပေါ် အလျင်စလိုလုပ်ဆောင်မည်မဟုတ်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားသည်။

နောက်အပတ်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် ပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲမှာ အလွန် စိတ်လှုပ်ရှားစရာကောင်းပြီး ရလဒ်များစွာထွက်ပေါ်မည်ဟု မျှော်လင့်ကြောင်း ထရန့်က အင်္ဂါနေ့တွင် သတင်းထောက်များသို့ ပြောကြားခဲ့သည်။

 

mdn

 

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားဖျက်သိမ်းရေးကို မြင်တွေ့လိုသော်လည်း မည့်သည့်ဖိအားပေးမှုမျိုးနှင့် အချိန်ကို ကန့်သတ်မထားကြောင်း ထရန့်ကဆိုသည်။

ထိပ်သီးဆွေးနွေးပွဲအတွက် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနှင့် အင်္ဂါနေ့က ဖုန်းဖြင့် ပြောဆိုဆွေးနွေးခဲ့ကြောင်း ထရန့်က ပြောကြားသည်။

ဂျပန်ဝန်ကြီး ရှင်ဇိုအာဘေးနှင့်လည်း ဗုဒ္ဓဟူးနေ့တွင် ဆွေးနွေးမည်ဖြစ်ကြောင်း ထရန့်က ဖြည့်စွက်ပြောကြားသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်

 

mdn