ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် နောင်တောင်းပရဟိတတပ်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ကျောင်းအုပ် ဆရာတော်ဘဒ္ဒန္တရာဇိန္ဒာသီရိနှင့် တောင်ကြီးမြို့ ဗုဒ္ဓတက္ကသိုလ်ပါမောက္ခချုပ် OXFORD ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိတို့ သီတင်းသုံးရာ ကျောင်းတိုက်များသို့ သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများလျှောက်ထားကာ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူ
နေပြည်တော်၊ အောက်တိုဘာ ၂၀
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၉ နာရီတွင် ရှမ်းပြည်နယ် ဟိုပုံးမြို့ နောင်တောင်းပရဟိတတပ်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တရာဇိန္ဒာသီရိ အရှင်သူမြတ် သီတင်းသုံးရာကျောင်းတိုက်သို့ သွားရောက်၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာရေး ဆိုင်ရာများ လျှောက်ထားပြီး ဩဝါဒခံယူသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် နောင်တောင်းဘုန်းတော်ကြီးသင်ပညာရေး ကျောင်းသား၊ သူများနှင့်တွေ့ဆုံ၍ နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး နောင်တောင်းဘုန်းတော်ကြီး သင်ပညာရေးကျောင်းမှ ဆရာဦးခွန်ဌေးအောင်က ကျေးဇူးတင်စကား ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ရှမ်းပြည်နယ် တောင်ကြီးမြို့ ဗုဒ္ဓတက္ကသိုလ်ပါမောက္ခချုပ် OXFORD ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိ သီတင်းသုံးရာ ကျောင်းတိုက်သို့သွားရောက်၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဩဝါဒခံယူသည်။
ဗုဒ္ဓတက္ကသိုလ်ပါမောက္ခချုပ် OXFORD ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိက သာသနာတော်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်များကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က Regirstration Procedure အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို ကြားသိရပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနအနေဖြင့် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံ မိန့်ကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်