လေ့ကျင့်ပျံသန်းမှုတစ်ခုအတွင်း ပျောက်ဆုံးသွားခဲ့သည့် F-2 တိုက်လေယာဉ်တစ်စင်းမှ တပ်ဖွဲ့ဝင်နှစ်ဦးကို ကယ်ဆယ်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားသည်။
အဆိုပါတပ်ဖွဲ့ဝင်နှစ်ဦးကို ပင်လယ်ထဲမှဆွဲထုတ်ပြီး နှစ်ဦးစလုံးမှာ သတိရှိနေကြောင်း ဂျပန်ကိုယ်ပိုင်ကာ ကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောကြားသည်။
ဂျပန်နိုင်ငံ အနောက်ပိုင်းရှိ ယာမာဂူချီ စီရင်စုရှိ ကမ်းရိုးတန်းအလွန်၌ ပျံသန်းနေစဉ် ဗုဒ္ဓဟူးနေ့ နံနက် ၉နာရီ ၁၈ မိနစ်တွင် ၎င်းတို့နှစ်ဦးမှာ လေယာဉ်နှင့်အဆက်အသွယ်ပြတ်တောက်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူများက ပြောကြားသည်။
အဆိုပါလေယာဉ်မှာ ဖူကူကိုစီရင်စုရှိ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ အခြေစိုက်စခန်းတစ်ခုအပြင်ဘက်တွင် ပျံသန်းစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပျောက်ဆုံးလေယာဉ်ရှာဖွေမှုကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း အဆိုပါ ဝန်ကြီးဌာနက ပြောကြားသည်။
လေယာဉ်ပျက်ကျရာ အဆိုပါဒေသတွင် လေပြင်းတိုက်ခတ်၍ လှိုင်းတံပိုးများ ပြင်းထန်လျက်ရှိကြောင်း ဂျပန်နိုင်ငံ မိုးလေဝသဌာနဌာနက ပြောကြားသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်