ပန်းတောင်း အောက်တိုဘာ ၂၃

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါဆေးကုသပေးရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုး ဦးဆောင်၍ ဆရာ၊ ဆရာမများက အငြိမ်းစားဝန်ထမ်းများကို အပူချိန်များတိုင်းတာပေးခြင်း၊ ဆီချို၊ သွေးချို၊ နှလုံးရောဂါ၊ လေးဘက်နာရောဂါ၊ အစာအိမ်ရောဂါ၊ သွေးတိုးရောဂါ အစရှိသောရောဂါများကို အခမဲ့ စမ်းသပ်ကုသပေးလျက်ရှိကြောင်း၊ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီထိ ကုသပေးလျက်ရှိပြီး အမျိုးသားလူနာသစ် (၁၁)ဦး၊ အမျိုးသားလူနာဟောင်း (၃၅)ဦး၊ အမျိုးသမီးလူနာသစ် (၉)ဦး၊ အမျိုးသမီးလူနာဟောင်း (၂၄)ဦး စုစုပေါင်း (၇၉)ဦးခန့် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

 

လပြည့်လင်း(ပြန်/ဆက်)