ကျောက်ဆည်၊ အောက်တိုဘာ ၂၃

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း ဆန်စပါးဖူလုံပိုလျှံရေး မိုးရေ၊ မြေအောက်ရေ၊ ဇော်ဂျီ၊ ကင်းတား၊ သစ်တက္ကုန်း ဆည်ရေများဖြင့် စိုက်ပျိုးလျက်ရှိကြောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပတ္တာကျေးရွာအုပ်စု၊ တောင်သူ ဦးမောင်နိုင် စိုက်ပျိုးထားသော ဧရာမင်း မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ပတ္တာကျေးရွာအုပ်စုတွင် နိုင်ငံ့စီပွားရန်ပုံငွေဖြင့် ဧရာမင်းမိုးစပါးများကို တောင်သူ (၃၁)ဦးမှ စုစုပေါင်း ဧက ၁၅၀ စိုက်ပျိုးထားရှိကြောင်း သိရသည်။

 

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေးနှင့် အထွက်နှုန်းကောင်းမွန်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်နည်းစနစ်များ မှန်ကန်စေရေး နည်းပညာများ စနစ်တကျကူညီပေးလျက်ရှိပြီး မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ ပြည့်ဝစွာရရှိရေး အလှည့်ကျစနစ်ဖြင့် ရေများပေးဝေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

           

သက်မောင်ခရိုင် (ပြန်/ဆက်)