မောင်တော အောက်တိုဘာ ၂၄

 

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန၊ မောင်တောမြို့နယ် ဦးစီးမှူးရုံးမှ နိုင်ငံသားတစ်ဦး၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာ အချက်အလက်များအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကောက်ယူလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

မောင်တောမြို့နယ်အတွင်းရှိ နိုင်ငံသားတစ်ဦး၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက်များ     ဦးတည်ချက်အုပ်စုများအလိုက် ကောက်ယူမည်ဖြစ်ရာ နိုင်ငံ့ဝန်ထမ်းနှင့် မှီခိုမိသားစုဝင်များ (နိုင်/ ဧည့်/ ပြု ကိုင်ဆောင်ထားသူများ)၊ အသက် ၁၀ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများ (နိုင်/ ဧည့်/ ပြု ကိုင်ဆောင်ထားသူများ)၊ အကျဉ်းထောင်နှင့် အချုပ်ထောင်မှ အကျဉ်းသားများ၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းရှိ ဝန်ထမ်းများ၊ ရဟန်း၊ သီလရှင်များ စသည်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သက်လွင်စိုး၊ အောင်ကျော်စိန် (ခရိုင် ပြန်/ဆက်)