နေပြည်တော်   အောက်တိုဘာ  ၂၄

ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီး စယ်ရဂေး အာလယဲနိခ်၏     ဖိတ်ကြားချက်အရ    ပြည်ထောင်စု အစိုးရအဖွဲ့ရုံး     ဝန်ကြီးဌာန     (၂)   ပြည်ထောင်စုဝန်ကြီး  ဦးကိုကိုလှိုင် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် အောက် တိုဘာ ၂၆ ရက်မှ ၂၇ ရက်အထိ ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့တွင် ကျင်းပမည့်  ယူရေးရှားဒေသ လုံခြုံရေးဆိုင်ရာ    နိုင်ငံတကာအဆင့်မြင့် ညီလာခံသို့တက်ရောက်ရန် ယနေ့ညနေပိုင်း တွင် မန္တလေးမြို့မှ အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်း(MAI)ဖြင့် ထွက်ခွာ သွားသည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနမှ       တာဝန်ရှိသူများက  မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြသည်။

သတင်းစဉ်