ဂျေရုဆလင်  အောက်တိုဘာ  ၂၄

ဟားမားစ်   စစ်သွေးကြွများသည်  အောက်တိုဘာ    ၂၃    ရက်က နောက်ထပ်   ဓားစာခံနှစ်ဦးကို လွှတ်ပေးလိုက်သည်။     အစ္စရေး အမျိုးသမီးနှစ်ဦးကို လွှတ်ပေးခဲ့ကြောင်း   ၎င်းတို့က  လူမှုမီဒီယာ ပေါ်တွင် ထုတ်ပြန်ဖော်ပြခဲ့သည်။ အီဂျစ်နှင့် ကာတာမှ အစိုးရအရာရှိများသည် ဓားစာခံများ လွှတ်ပေး ရန်  ညှိနှိုင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ အပြည်ပြည်ဆိုင်ရာ  ကြက်ခြေနီကော်မတီမှ အရာရှိများက ဓားစာခံများကို ဂါဇာမှ ကယ်ထုတ်ရန် ကူညီခဲ့သည်။

စစ်သွေးကြွများသည် နောက်ထပ်   ဓားစာခံ   ၂၀၀    ကျော်ကို ဖမ်းဆီးခဲ့သည်။     လွန်ခဲ့သော သောကြာနေ့က နောက်ထပ် အမေရိကန်အမျိုးသမီး ဓားစာခံနှစ်ဦးကို  လွှတ်ပေးခဲ့သည်။ သံတမန်များ က လူသားချင်း စာနာထောက်ထားမှုအဖြစ်   နောက်ထပ်ဓားစာခံများကို   ပိုလွှတ်ပေးရန်  တောင်းဆိုခဲ့ ကြသည်။

နောက်ထပ်   အကူအညီပေးရေးယာဉ် ၅၀ ကျော်သည် စားနပ် ရိက္ခာ၊ ရေနှင့် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လျက် အီဂျစ်နယ်စပ်ကို ဖြတ်ကျော်ပြီး ဂါဇာသို့ စနေနေ့မှ တနင်္လာနေ့အထိ ဝင်ရောက်လာခဲ့သည်။  သို့သော်လည်း ကုလသမဂ္ဂအရာရှိများက  ဒေသခံများ အတွက်  လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် တစ်နေ့လျှင် ကုန်တင်ယာဉ် ၁၀၀ ခန့်လိုကြောင်း ပြောသည်။     

အင်န်အိတ်ချ်ကေ