ဟနွိုင်း    အောက်တိုဘာ    ၂၄

ဗီယက်နမ်နိုင်ငံသည် ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ ကော်ဖီတန်ချိန်  ၁  ဒသမ ၇ သန်းကို တင်ပို့ရန် မျှော်မှန်းထားကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနကို   ကိုးကားပြီး   ဗီယက်နမ်သတင်းက   အောက်တိုဘာ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။

ဗီယက်နမ်နိုင်ငံ၌ ကော်ဖီတင်ပို့မှုမှ ၄ ဒသမ ၂ ဘီလီယံ ဒေါ်လာသည်   ၂၀၃၀  ပြည့်နှစ်တွင် ပို့ကုန် ရည်မှန်းထားသည့်  ၆ ဘီလီယံဒေါ်လာအတွက် အခြေခံအုတ်မြစ်တစ်ခုကို ပေးမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ပထမကိုးလအတွင်း ဗီယက်နမ်နိုင်ငံသည်  ၃ ဒသမ ၁၆ ဘီလီယံဒေါ်လာတန်ဖိုးရှိ  ကော်ဖီ  တန်ချိန် ၁ ဒသမ ၂၆၆ သန်းကို တင်ပို့နိုင်ခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။      

ဆင်ဟွာ