ဂါဇာ အောက်တိုဘာ ၂၄
ဂါဇာကမ်းမြောင်ဒေသသို့ အစ္စရေးနိုင်ငံ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း နိုင်ငံသား ၅၇၉၁ ဦးသေဆုံးခဲ့ကြောင်း ဟားမတ်စ် အဖွဲ့၏ အုပ်ချုပ်မှုအောက်တွင်ရှိသော ကျန်းမာရေး ဝန်ကြီးဌာနက အောက်တိုဘာ ၂၄ ရက်တွင် ပြောကြားသည်။
ထို့ပြင် အဆိုပါ အစ္စရေးနှင့် ဟားမတ်စ်တို့၏ အပြန်အလှန်ပစ်ခတ်မှုများကြောင့် ပါလက်စတိုင်း နိုင်ငံသား ၁၆၂၉၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း ယင်းကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် တစ်ရပ်အရ သိရသည်။
အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုသည် အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့၏ အစ္စရေး စစ်တပ် ပစ်မှတ်များနှင့် မြို့များကို ကြီးမားသော တိုက်ခိုက်မှုမှ အစပြုခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ အစ္စရေး နိုင်ငံတွင် အနည်းဆုံး လူ ၁၄၀၀ သေဆုံးခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်