ပေကျင်း အောက်တိုဘာ ၂၄
တရုတ်နိုင်ငံ၌ မကြာသေးမီကဖြစ်ပေါ်ခဲ့သည့် နိုင်ငံတကာ ရေနံဈေးနှုန်းအပေါ်မူတည်၍ အောက်တိုဘာ ၂၅ ရက်မှစတင်ကာ ဓာတ်ဆီနှင့် ဒီဇယ်ဆီ လက်လီဈေးနှုန်းများကို လျှော့ချသွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ ထိပ်တန်းစီးပွားရေးစီမံ ချက်ရေးဆွဲသူတစ်ဦးက အောက်တိုဘာ ၂၄ ရက် တွင် ပြောကြားသည်။
ဓာတ်ဆီနှင့် ဒီဇယ်ဆီဈေးနှုန်းများကို တစ်တန် လျှင် ယွမ် ၇၀ (အမေရိကန်ဒေါ်လာ ၉ ဒသမ ၇၅ ဒေါ်လာ ခန့်) လျှော့ချသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်က ပြောကြားသည်။
တရုတ်နိုင်ငံ၏ အကြီးဆုံးရေနံကုမ္ပဏီသုံးခုဖြစ် သည့် တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း၊ တရုတ် ရေနံ ဓာတုကော်ပိုရေးရှင်းနှင့် တရုတ်အမျိုးသား ကမ်းလွန်ရေနံကော်ပိုရေးရှင်းတို့နှင့် ရေနံချက်စက်ရုံ များသည် ရေနံထုတ်လုပ်မှုကို ထိန်းသိမ်းရန်နှင့် တည်ငြိမ်သောထောက်ပံ့မှုများရရှိစေရေး သယ်ယူ ပို့ဆောင်ရေးအဆင်ပြေစေရန် ညွှန်ကြားထားကြောင်း အဆိုပါကော်မရှင်က ပြောကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်