နေပြည်တော်   အောက်တိုဘာ    ၂၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စစ်ဘက်ဆိုင်ရာ  တက္ကသိုလ် ကျောင်းအုပ်ကြီး ဒုတိယဗိုလ်ချုပ်ကြီး အီဂေါမီ ရှုသ်ကင် (Lieutenant General Igor MISHUTKIN)  ဦးဆောင်သည့်  ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ  ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ    ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တပ်မတော်အရာရှိကြီးများ   တက်ရောက်ကြပြီး    ရုရှားဖက်ဒရေးရှင်းနိုင်ငံ      စစ်ဘက်ဆိုင်ရာတက္ကသိုလ်   ကျောင်းအုပ်ကြီးနှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ  ရုရှားနိုင်ငံ   စစ်သံမှူး    Colonel Sergey   Kurchenko  နှင့်   ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊     စစ်ဘက် ဆိုင်ရာ တက္ကသိုလ်မှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က   ရုရှားဖက်ဒရေးရှင်းနိုင်ငံ    စစ်ဘက်ဆိုင်ရာ တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့်တကွ      အဖွဲ့ဝင်များအား  မိမိအနေဖြင့် လှိုက်လှဲနွေးထွေးစွာ  ကြိုဆိုပါကြောင်း  ဦးစွာပြောကြားသည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စစ်ဘက်ဆိုင်ရာတက္ကသိုလ်ကျောင်းအုပ်ကြီးက  ယခုကဲ့သို့  မိမိတို့    ကိုယ်စားလှယ်အဖွဲ့အား  လှိုက်လှဲနွေးထွေးစွာကြိုဆိုသည့်အတွက်  အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊     မိမိတို့  ရုရှားဖက်ဒရေးရှင်းနိုင်ငံ   စစ်ဘက်ဆိုင်ရာတက္ကသိုလ်မှ အဆွေတော်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား  နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံ ရေး တိုးတက်ခိုင်မာအောင် ဆောင်ရွက်နိုင်မှု၊     စစ်ဘက်နည်းပညာဆိုင်ရာ  ဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်မှု၊ ပညာတော်သင်  သင်တန်းသားများ စေလွှတ်ခြင်းဖြင့် နှစ်နိုင်ငံ တပ်မတော်နှင့် အစိုးရနှစ်ရပ်အကြား   ချစ်ကြည်ရင်းနှီးမှုကို တိုးတက်ခိုင်မာအောင် စွမ်းဆောင်နိုင်မှုတို့ကြောင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ စစ်ဘက်ဆိုင်ရာတက္ကသိုလ်  (Military University of Defence Ministry) ၏ “ဂုဏ်ထူးဆောင် ပါမောက္ခ” ဘွဲ့ (Honorary   Professor  of   the Russian  Military  University) ကို     ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်တက္ကသိုလ်မှ ဘုတ်အဖွဲ့များ၏ ဆုံးဖြတ်ချက်အရ    ၂၀၂၁    ခုနှစ်၊ ဇွန်လ   ၂၃   ရက်တွင်    ချီးမြှင့်အပ်နှင်းပေးအပ်နိုင်ခဲ့သည့်အတွက်လည်း များစွာဂုဏ်ယူဝမ်းမြောက်မိပါ ကြောင်း ပြန်လည် ပြောကြားသည်။

ဆက်လက်ပြီး   နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်   ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ  စစ်ဘက်ဆိုင်ရာ တက္ကသိုလ်မှ  ဆောင်ရွက်လျက်ရှိသည့် သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များ၊ ယခုလက်ရှိတွင် ဘာသာစကား      သင်တန်းများကိုလည်း သင်ကြားပေးလျက်ရှိပြီး မြန်မာဘာသာစကားကို တိုးချဲ့သင်ကြားနိုင်ရေး  ဆောင်ရွက်လျက်ရှိမှုနှင့် မြန်မာနိုင်ငံ၌     မြန်မာဘာသာစကား    လာရောက်သင်ကြားခွင့် ရရှိရေး    ဆောင်ရွက်ပေးစေလိုမှုအခြေအနေများ၊ မြန်မာ့တပ်မတော်နှင့် ရုရှားတပ်မတော်တို့သည် ပြည်သူက     ပေါက်ဖွားလာသည့် တပ်မတော်များဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့်ပြည်သူကို ကာကွယ် စောင့်ရှောက်    ပေးနေမှုကြောင့် ကာကွယ်ရေးတာဝန်များကို အောင်မြင်စွာထမ်းဆောင်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင်      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စစ်ဘက်ဆိုင်ရာတက္ကသိုလ် ကျောင်းအုပ်ကြီးတို့သည် အမှတ်တရ     လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်