အောက်တိုဘာ ၂၆
ပါကစ္စတန်နိုင်ငံတကာလေကြောင်းလိုင်း (PIA)သည် လွန်ခဲ့သော ၁၀ ရက်က လောင်စာဆီပြတ်လပ်မှုနှင့် ဘဏ္ဍာငွေ အကျပ်အတည်းကြောင့် လေကြောင်းလိုင်း ၃၀၀ ကျော် ပယ်ဖျက်ခဲ့ရသည်ဟု PIA ၏ပြောရေးဆိုခွင့်ရှိသူက ယမန်နေ့ကပြောကြားသည်။
ပါကစ္စတန်နိုင်ငံပိုင် ရေနံကော်ပိုရေးရှင်း(PSO)က ပါကစ္စတန် နိုင်ငံတကာလေကြောင်းလိုင်း(PIA)သို့ လောင်စာဆီ ပေးသွင်းမှုကို ဖြတ်တောက်ခဲ့သဖြင့် လောင်စာဆီပြတ်လပ်မှု ဖြစ်ပေါ်ခဲ့ကြောင်း အမျိုးသားလေကြောင်း၏ ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်များကို ပြောကြားသည်။
နိုင်ငံတကာလေကြောင်းခရီးစဉ် ၁၃၄ ခုအပါအဝင် လေကြောင်းခရီးစဉ် ၃၂၂ ခုကို အောက်တိုဘာလ ၁၄ ရက်ကစတင်ကာ ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အောက်တိုဘာလ ၂၄ ရက် တစ်ရက်အတွင်းမှာပင် ပြည်တွင်းလေကြောင်းခရီးစဉ် ၂၇ ခုအပါအဝင် လေကြောင်းခရီးစဉ်ပေါင်း ၅၁ ခု ပယ်ဖျက်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို