အောက်တိုဘာ ၂၇
အင်ဒိုနီးရှားနိုင်ငံတွင် မျောက်ကျောက်ရောဂါဖြစ်ပွားမှုကို အောက်တိုဘာလ ၁၃ ရက်နေ့က ပထမဆုံးတွေ့ရှိခဲ့ပြီးနောက် မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၁၄ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကအတည်ပြုပြောကြားသည်။
အဆိုပါမျောက်ကျောက်ရောဂါဖြစ်ပွားသူအားလုံးသည် မြို့တော် ဂျကာတာတွင် နေထိုင်သူများဖြစ်ပြီး အသက် ၂၅ နှစ်မှ ၂၉ နှစ်အရွယ်ရှိသူများဖြစ်ကြောင်းကျန်းမာရေးဝန်ကြီးဌာန၏ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဆိုင်ရာညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။
ထိုရောဂါဖြစ်ပွားသူများသည် အိတ်ချ်အိုင်ဗွီနှင့် သွေးတိုးရောဂါတို့ကဲ့သို့သော ရောဂါဝေဒနာခံစားနေရသူများဖြစ်သည်ဟု ၎င်းကဆိုသည်။ ရောဂါဖြစ်ပွားသူအားလုံးသည် ရောဂါလက္ခဏာပြင်းထန်မှုမရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ သို့ရာတွင် တစ်နှစ်လျှင် ၃၆၀၀ အထိ တိုးလာနိုင်သည်ဟု သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးနှင့်ညီညွတ်သောလူနေမှုပုံစံများအကြောင်း ပညာပေးဟောပြောကာ ရောဂါကူးစက်နိုင်ခြေရှိသောအုပ်စုများကို မျောက်ကျောက်ရောဂါကာကွယ်ဆေး ထိုးနှံမှုများလုပ်ဆောင်ပေးလျက်ရှိသည်။
အစိုးရအဖွဲ့က ယင်းရောဂါကာကွယ်ဆေးကို လူဦးရေ ၅၀၀ သို့မဟုတ် ၁၀၀၀ အားထိုးနှံပေးရန်ရည်မှန်းထားကြောင်းနှင့် လက်ရှိအချိန်အထိ ကာကွယ်ဆေးထိုးပြီးသူ ၁၅၇ ဦးထက်မနည်းရှိပြီဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို