အောက်တိုဘာ ၂၇

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်ရှိ Pettah ဒေသတွင် ရှစ်ထပ်အဆောက်အအုံတစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ယနေ့မနက်တွင် ဆေးရုံတက်ကုသမှုခံယူသူ ၂၃ ဦးထက်မနည်းရှိကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။

အဆိုပါမီးလောင်မှုကြောင့် ဒဏ်ရာရရှိသွားသူများကို ကိုလံဘိုအမျိုးသားဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

မီးလောင်ဒဏ်ရာရရှိသူများအနက် လေးဦးသည် အခြေအနေစိုးရိမ်ရကြောင်း ကိုလံဘိုဆေးရုံ၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

မီးလောင်မှုသည် ဒေသစံတော်ချိန် မနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကိုလံဘို မီးသတ်တပ်ဖွဲ့အကြီးအကဲက ပြောကြားသည်။

ကိုလံဘိုမီးသတ်တပ်ဖွဲ့က မီးလောင်မှုဖြစ်ပွားရာနေရာသို့ မီးသတ်ကား ၁၁ စီးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၄၅ ဦးတို့ စေလွှတ်ခဲ့ကြောင်းနှင့် နာရီပေါင်းများစွာကြာ မီးငြှိမ်းသတ်မှုလုပ်ဆောင်ခဲ့ရကြောင်း ၎င်းက ထပ်လောင်းပြောသည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကို မသိရှိရသေးကြောင်းနှင့် ကိုလံဘိုရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို