နေပြည်တော်၊  အောက်တိုဘာ ၂၇

 

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်)တွင် ဆေးဝါးအင်ဂျင်နီယာပညာရပ် အရာရှိ အဆင့်သင်တန်း ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးသည်။  

 

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရှိ နိုင်ငံပိုင်နှင့် ပုဂ္ဂလိက ဆေးဝါးစက်ရုံများမှ နိုင်ငံ၏ ဆေးဝါးလိုအပ်ချက်များကို ၁၅ ရာခိုင်နှုန်းသာ ဖြည့်ဆည်းပေးနိုင်သဖြင့် ပိုမိုထုတ်လုပ်နိုင်ရေးအတွက် ဆေးဝါးအင်ဂျင်နီယာပညာရပ်သင်တန်းကို ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း၊ သင်တန်းတွင် စက်မှုဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ အသိအမှတ်ပြု အင်ဂျင်နီယာပညာ ရှင်များက ၎င်းတို့၏ လုပ်ငန်းခွင်နယ်ပယ်အတွေ့အကြုံ၊ ပညာရပ်များကို သင်ကြားပို့ချပေးပြီးဖြစ်၍ ဆေးဝါး ထုတ်လုပ်သည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပိုမိုသိရှိပြီးဖြစ်မည်ဟုယုံကြည်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်နေသည့် ပညာရှင်များအနေဖြင့် မိမိနားလည်တတ်ကျွမ်းသည့် နယ်ပယ်အတွင်း၌သာ ကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)