နေပြည်တော်၊ အောက်တိုဘာ ၂၉
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲ ဆဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာ အသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။
(၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် မြန်မာတို့၏ ကိုယ်ပိုင်အဖိုးတန် အနုပညာ ရတနာများဖြစ်သည့် သီချင်းကြီး၊ သီချင်းခံအဆို၊ အတီးပြိုင်ပွဲများ၊ ကိုယ်ပိုင်အနုပညာ စစ်စစ်ဖြစ်သည့် မြန်မာ့ဆိုင်းဝိုင်းကြီး အပါအဝင် မြန်မာ့တူရိယာပစ္စည်း တီးခတ်မှုပြိုင်ပွဲများ၊ ကမ္ဘာသုံးတူရိယာများဖြစ်သည့် စန္ဒရား၊ ဒုံမင်း၊ မယ်ဒလင်၊ တယော၊ ဂီတာအစရှိသော တူရိယာများကို မြန်မာသံမြန်မာဟန်ဖြင့် ယှဉ်ပြိုင်တီးခတ်သည့် ပြိုင်ပွဲများ၊ ခေါင်း၊ ခါး၊ ခြေ၊ လက် အချိုးအဆစ်များနှင့် ငြိမ့်ညောင်းစွာ ကပြကြသည့် အကပြိုင်ပွဲများ၊ မြန်မာအက အခြေခံဖြစ်သည့် ကဗျာလွတ်အက ပြိုင်ပွဲများ၊ နှုတ်မှုစွမ်းရည်ပြ ကွက်စိပ်ပြိုင်ပွဲများ၊ ကမ္ဘာက အလေးအနက် ထားရသည့် မြန်မာ့ရုပ်သေးကြိုးဆွဲပညာ ပြိုင်ပွဲများအပြင် မဟော်သဓာ ဇာတ်တော်ကြီးကိုလည်း မူရင်းဇာတ်တော်ကြီး၏ တီးလုံးတီးချက် အကအလှများနှင့်အတူ မြန်မာ့ဇာတ်သဘင် ဆို၊ ငို၊ ပြော ပညာရပ်များ နှင့်ပေါင်းစပ်၍ ထူးကဲစွာ ယှဉ်ပြိုင်လျက်ရှိကြသည်။ ယခုနှစ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် ပြိုင်ပွဲဝင် ဘာသာရပ်များ စုံလင်လှသည့်အပြင် အကဲဖြတ်ပညာရှင်ကြီးများ သိုက်သိုက်ဝန်းဝန်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မျိုးဆက်သစ် ရွက်ပုန်းသီးပြိုင်ပွဲဝင် လူငယ်မောင်မယ်များ အင်ပြည့်အားပြည့် အားကြိုးမာန်တက် ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ယနေ့တွင် “အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး” တေးသီချင်း အဆိုပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) Signing Room ၌ကျင်းပရာ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း” သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည် နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ကြိုနေမယ့်နေ့များ” သီချင်းဖြင့်လည်းကောင်း သီဆိုယှဉ်ပြိုင်ကြသည်။
တိုင်းရင်းသားရိုးရာ/ ကျေးလက်ရိုးရာ (အလွတ်တန်း) အဆင့် အကပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂) Plenary Hall ၌ ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီးမှ ထားဝယ်တိုင်းရင်းသားရိုးရာအကအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီးမှ မကြည်လဲ့မွန်နှင့်အဖွဲ့၊ ကရင်ပြည်နယ်မှ ကရင်တိုင်းရင်းသားရိုးရာအကအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးမှ ဒေါ်ခိုင်လင်းဖြိုးနှင့်အဖွဲ့၊ ချင်းပြည်နယ်မှ ချင်းတိုင်းရင်းသားရိုးရာ (ဖလမ်း) အကအဖွဲ့၊ မန္တလေးတိုင်းဒေသကြီးမှ မရွှေဇင်မိုးနှင့်အဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီးမှ မစုစန္ဒီနှင့်အဖွဲ့၊ မွန်ပြည်နယ်မှ မွန်တိုင်းရင်းသား အကအဖွဲ့၊ ရှမ်းပြည်နယ်မှ အင်းသားရိုးရာ အကအဖွဲ့၊ ကချင်ပြည်နယ်မှ လီဆူတိုင်းရင်းသား အကအဖွဲ့၊ ပဲခူးတိုင်းဒေသကြီးမှ ကရင်ရိုးရာ ဖဲပြာအကအဖွဲ့၊ ကယားပြည်နယ်မှ ကယားတိုင်းရင်းသား အကအဖွဲ့၊ မကွေးတိုင်းဒေသကြီးမှ မောင်ကောင်းထက်နှင့်အဖွဲ့နှင့် ရခိုင်ပြည်နယ်မှ ရခိုင်ယိမ်းအကအဖွဲ့တို့က တိုင်းရင်းသားနှင့် ကျေးလက်ရိုးရာ ဓလေ့စရိုက်များပေါ်လွင်စေမည့် အကအလှများဖြင့် အဖွဲ့လိုက်အချိုးအဆစ် ညီညာပြေပြစ်စွာ ရသမြောက် ကပြယှဉ်ပြိုင်ကြသည်။
အရေးပြိုင်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှု ရတနာခန်းမ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ဒုတိယတန်း) ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ထိန်းသိမ်းစို့လေ ရိုးရာအမွေ” ခေါင်းစဉ်ဖြင့် ဂီတရသစုံလင်စွာ ဖော်ကျူးတေးဖွဲ့ ယှဉ်ပြိုင်ကြသည်။
ဒုံမင်းအတီးပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) News Briefing Room ၌ကျင်းပရာ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မဲဇာတောင်ခြေ” (ပတ်ပျိုး) သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မြရည်နန္ဒာ” (ဘွဲ့) သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ရွှေပဇ္ဇုန်”(ယိုးဒယား) သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “ဝေဘာဂီရိ” (ကြိုး) သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ရွှေလည်တိုင်” (ကာလပေါ်) သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “တောင်တောသာယာ” (ယိုးဒယား) သီချင်းဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များ က “မေတ္တာဖျန်းမှလန်းဆန်းမယ်” (ကာလပေါ်) သီချင်းဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဆန်းနွေဦး” (ယိုးဒယား) သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မှိုင်းရိပ်ကယ်တည့်” (ကြိုး) သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “အန္တရာယ်ကင်း” (ကာလပေါ်) သီချင်းဖြင့်လည်းကောင်း တီးခတ်ယှဉ်ပြိုင်ကြသည်။
ဆိုင်းတစ်ဦးချင်း အတီးပြိုင်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ လေ့ကျင့်ရေး ဇာတ်ရုံ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မြိုင်ဂန္ဓမာ” (ယိုးဒယား) သီချင်းဖြင့်လည်ကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မြန်သပြေဗွေ တကျွန်းခြားမြေ” (ယိုးဒယား) သီချင်းဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ခန်းတွင်းရိပ်သာ” (ကြိုး) သီချင်းဖြင့်လည်းကောင်း တီးခတ်ယှဉ်ပြိုင်ကြသည်။

ပတ္တလားပြိုင်ပွဲကို အမျိုးသားပြတိုက် (နေပြည်တော်) ရှိ Mini Theatre ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “ခွာပြာသင်း” (ပတ်ပျိုး) သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “လေပြည်ဆော်သွင်မြူး” (ယိုးဒယား) သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဂန္ဓမာတောင်” (ဘွဲ့) သီချင်းဖြင့်လည်းကောင်း၊ အဆင့်မြင့် ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဘုံဆောင်မြင့်” (ကြိုး) သီချင်းဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသမီး ပြိုင်ပွဲတွင် ကယားပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “ဘုံဆောင်မြင့်” (ကြိုး) သီးချင်းဖြင့်လည်းကောင်း ငြိမ့်ညောင်းသာယာစွာ တီးခတ်ယှဉ်ပြိုင်ကြသည်။

ကွက်စိပ်ပြိုင်ပွဲကို အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ရှိ ဝန်ဇင်းမင်းရာ ဇာခန်းမ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “တိလမုဠိ ဇာတ်တော်ကြီး” ခေါင်းစဉ်ဖြင့် ဇာတ်တော်ကြီး၏ အနှစ်သာရနှင့် ဦးတည်ချက် ပေါ်လွင်အောင် နှုတ်မှုစွမ်းရည်ပြသ ဟောပြောယှဉ်ပြိုင်ကြသည်။

ရုပ်စုံသဘင် အဖွဲ့လိုက်ပြိုင်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပရာ ရုပ်စုံသဘင်အဖွဲ့လိုက် ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင် “ပညာရွှေအိုး” ဇာတ်တော်ကြီးဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု ဇေယျာသီရိရုပ်စုံအဖွဲ့က မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ကျူးသည့် အကအလှများ၊ ဆို ငို ပြော ပညာရပ်များ၊ စကားပြောများဖြင့် တင်ဆက်ကပြ ယှဉ်ပြိုင်ကြသည်။
ဇာတ်တော်ကြီးပြိုင်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ လေ့ကျင့်ရေးဇာတ်ရုံ၌ ကျင်းပရာ ဇာတ်တော်ကြီး အဖွဲ့လိုက် ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင် “မဟော်သဓာ” ဇာတ်တော်ကြီးဖြင့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ရဲမိုးလွင်ဇာတ်အဖွဲ့က မူရင်း မဟော်သဓာ ဇာတ်တော်ကြီး၏ တီးလုံးတီးချက်များကို မြန်မာ့ဇာတ်သဘင်၏ ဆို ငို ပြော ပညာရပ်များ၊ အကအလှများနှင့် အနုပညာရသမြောက် ပေါင်းစပ်ပြီး ယှဉ်ပြိုင်ကြသည်။
ယနေ့ကျင်းပသည့် ပြိုင်ပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ လူမှုရေးဝန်ကြီးများ၊ ဥပဒေချုပ်များ၊ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြိုင်ပွဲဝင်များ၏ အုပ်ထိန်းသူမိဘများက ပြိုင်ပွဲနေရာ အသီးသီး၌ လာရောက်ကြည့်ရှုအားပေးခဲ့ကြ သည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကာလအတွင်း ပြိုင်ပွဲဝင်များကို ကျန်းမာရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ နေထိုင်သွားလာ စားသောက်နိုင်ရန်နှင့် စိတ်အေးချမ်းသာစွာ ပြိုင်ပွဲဝင်နိုင်ရန် လိုအပ်သည်များကို ကူညီစီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ပြိုင်ပွဲဝင်များနှင့် ပြိုင်ပွဲသို့ လာရောက်ကြည့်ရှု အားပေးကြသည့် ဧည့်ပရိသတ်များအတွက် လိုအပ်သည့် ကျန်းမာရေးဆိုင်ရာကိစ္စများ စောင့်ရှောက်ပေးနိုင်ရန် တည်းခိုသည့်နေရာနှင့် ပြိုင်ပွဲကျင်းပသည့် နေရာများတွင် ကျန်းမာရေးဆေးပေးခန်းများ ဖွင့်လှစ်ထားရှိ၍ နေ့ညမပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။ ပြိုင်ပွဲဆိုင်ရာ သတင်းအချက်အလက်များ ရရှိနိုင်ရေးအတွက်လည်း တည်းခိုဆောင်များတွင် ရုပ်မြင်သံကြားစက်များ တပ်ဆင်ပေးခြင်း၊ နေ့စဉ်ထုတ်သတင်းစာများ ထားရှိပေးခြင်းအပြင် ပြိုင်ပွဲနှင့်ပတ်သက်သည့် နေ့စဉ်ထုတ်သတင်းလွှာများ ရိုက်နှိပ်ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်