၂၀ ဖေဖော်ဝါရီ
ဗြိတိန်နိုင်ငံက IS အဖွဲ့ထဲ ဝင်ခဲ့တဲ့ ဆယ်ကျော်သက်ကျောင်းသူကို ဗြိတိန်နိုင်ငံသားအဖြစ်ကနေ ဖျက်သိမ်းလိုက်ကြောင်း သိရပါတယ်။ ရှာမီမာ ဘီဂန် ဟာ ၂၀၁၅ ခုနှစ်က အသက် ၁၅ နှစ်အရွယ်မှာ ဆီရီးယားနိုင်ငံရှိ IS အဖွဲ့ထဲ ဝင်ဖို့အတွက် ဗြိတိန်နိုင်ငံကနေ ထွက်ခွာသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က ဘီဂန်ကို ဆီးရီးယားရှိ ဒုက္ခသည်စခန်းမှာ သတင်းထောက်တစ်ယောက်နဲ့ အင်တာဗျူးထဲတွင် ဗြိတိန်နိုင်ငံကို ပြန်ချင်ကြောင်း သူ့မရဲ့ ရက်ပိုင်းသာရှိသေးတဲ့ သားလေးကို ဗြိတိန်မှာ ကြီးပြင်စေချင်ကြောင်း ပြောပါတယ်။
ဥရောပနိုင်ငံတွေမှာ IS နဲ့ ဂျီဟက်အဖွဲ့တွေနဲ့ ဆက်သွယ်ခဲ့သူတွေကို မိခင်နိုင်ငံပြန်လာခွင့်ပြုပြီး တရားရင်ဆိုင်စေချင်သူတွေနဲ့ နိုင်ငံရဲ့လုံခြုံရေးအတွက် ပြန်လာခွင့်ကို ပိတ်ပင်စေချင်သူတွေဆိုပြီး သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။

ဗြိတိန်နိုင်ငံရဲ့ ပြည်ထဲရေးဌာနကနေ မနေ့က ဘီဂန်မိသားစုကို ဘီဂန်အား နိုင်ငံသားအဖြစ်ကနေ ပယ်ဖျက်ကြောင်း အကြောင်းကြားစာပေးပို့လာပါတယ်။ အဲဒီစာထဲမှာ ဘီဂန်မိသားစုအနေနဲ့ အယူခံဝင်နိုင်ကြောင်းလည်း ပါရှိတယ်လို့ သိရပါတယ်။
နိုင်ငံတကာဥပဒေအရ လူတစ်ယောက် နိုင်ငံမဲ့ဖြစ်အောင် လွတ်လပ်ခွင့်မရှိဘူးလို့ပါတယ်။
ဘီဂန်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မိဘတွေက မွေးဖွားသူဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသူမိခင်က မွေးဖွားလာသူဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဖြစ်ပိုင်ခွင့် အလိုလျောက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဖွဲ့စည်းပုံဥပဒေမှာ ပြဌာန်းထားပါတယ်။
ဘီဂန်က ဘီဘီစီနဲ့ အင်တာဗျူးမှာ သူ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကူး လက်မှတ်မရှိကြောင်းနဲ့ မရောက်ဖူးကြောင်း ပြောပါတယ်။
MDN
ကိုကား- AFP
