နေပြည်တော် အောက်တိုဘာ ၃၁
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးသံမှူး Mr.OUYANG Daobing ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ကို ယနေ့ မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် တရုတ်နိုင်ငံမှ အောင်ဆန်းအားကစားကွင်း အသစ်ပြန်လည်တည်ဆောက်ရေးအတွက် လာရောက် လေ့လာသည့် အင်ဂျင်နီယာအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
တွေ့ဆုံပွဲသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)