နေပြည်တော် နိုဝင်ဘာ   ၂ 

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှု၊ ပို့ဆောင် ဆက်သွယ်ရေး လုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ MV MCL-5 ရေယာဉ်သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ဂျပန် နိုင်ငံမှ ပေးပို့သည့် ဆန် ၂၄ ပြည် အိတ်(၄၀၀၀၀) နှင့် စည်သွပ်ဗူး၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်နှင့် အချိုရည် စသော အသင့်စားသောက် နိုင်သည့် စားသောက်ကုန်ပစ္စည်းများ အပါအဝင် စုစုပေါင်း (၂၀၅၆ ဒသမ ၅၁) တန် တင်ဆောင်၍  ယနေ့ ညနေပိုင်းတွင် The Myanmar Terminal (TMT) ဆိပ်ခံတံတားမှ စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။

(သတင်းစဉ်)