ရန်ကုန် နိုဝင်ဘာ ၃
နိုင်ငံ့၀န်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၂၀၆) သင်တန်းဆင်းပွဲအခမ်းအနားကို အဆိုပါတက္ကသိုလ်စစ်ရေးပြကွင်း၌ လည်းကောင်း၊ အရာထမ်းငယ်သင်တန်း အမှတ်စဉ်(၁၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ရတနာသိင်္ဃခန်းမ၌ လည်းကောင်း ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။
အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူး/ပါမောက္ခများ၊ သင်ကြားစီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားများတွင် ပါမောက္ခချုပ် ဦးဇော်ဇော်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၂၀၆) သင်တန်းဆင်းပွဲ၌ သင်တန်းသား စံပြဆုနှင့် သင်တန်းသူစံပြဆု၊ သင်တန်းသား၊ သင်တန်းသူ ပထမဆု၊ ဒုတိယဆု၊ သေနတ်ပစ်ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆု ရရှိသူများအား ဆုများနှင့် သင်တန်းဆင်း အောင်လက်မှတ်များကို လည်းကောင်း၊ အရာထမ်းငယ်သင်တန်း အမှတ်စဉ်(၁၂၆) သင်တန်းဆင်းပွဲ၌ သင်တန်းသားစံပြဆု၊ သင်တန်းသူစံပြဆု၊ သင်တန်းသား၊ သင်တန်းသူ ပထမဆု၊ ဒုတိယဆု၊ သေနတ်ပစ်ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆု ရရှိသူများအားဆုများနှင့် သင်တန်းဆင်း အောင်လက်မှတ်များကို လည်းကောင်း ပေးအပ်ချီးမြှင့်သည်။
စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၂၀၆)သို့ သင်တန်းသား ၂၀၃ ဦး၊ သင်တန်းသူ ၂၉၀ စုစုပေါင်း ၄၉၃ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဩဂုတ် ၂၈ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ ရက်သတ္တ(၁၀)ပတ် ကြာဖွင့်လှစ်ခဲ့သည်။
အရာထမ်းငယ်သင်တန်း အမှတ်စဉ်(၁၂၆)သို့ သင်တန်းသား ၂၂၈ ဦး၊ သင်တန်းသူ ၂၄၀ စုစုပေါင်း ၄၆၈ ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇူလိုင် ၁၀ ရက်မှ စက်တင်ဘာ ၂၉ ရက်အထိ Distance Learning ဖြင့် လည်းကောင်း၊ အောက်တိုဘာ ၉ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ In-House Learning ဖြင့် လည်းကောင်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
သတင်းစဉ်


