တီဟီရန်    နိုဝင်ဘာ    ၇

 ဂါဇာကမ်းမြောင်ဒေသရှိ အစ္စရေး၏တိုက်ခိုက် မှုများကို  အဆုံးသတ်ရေးအတွက်  အီရန်သမ္မတ အီဘရာဟင်ရိုင်စီနှင့် အိန္ဒိယဝန်ကြီးချုပ်မိုဒီတို့က နိုဝင်ဘာ ၆ ရက်တွင် တောင်းဆိုခဲ့သည်။

ဂါဇာဒေသတွင် အရပ်သားများအား သတ်ဖြတ်နေခြင်းကို  ရပ်တန့်ရန်၊  အပစ်အခတ်ရပ်စဲရန်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို   ဝင်ရောက်ခွင့်ပြုရန် ရိုင်စီက  ပန်ကြားခဲ့ သည်။

အမေရိကန်က အစ္စရေးအား  ပဋိပက္ခဖြစ်စေရန် လက်နက်နှင့်    ငွေကြေးအထောက်အပံ့ပေးနေပြီး ၎င်းဆောင်ရွက်ချက်သည်   ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏   ပဋိပက္ခပြီးဆုံးရေးဆောင်ရွက်ချက်ကို ဆန့်ကျင်နေကြောင်း ရိုင်စီက ထပ်လောင်းပြောကြားသည်။  ဂါဇာဒေသတွင်အရပ်သားများအား သတ်ဖြတ်နေခြင်းကို     ရပ်တန့်ရန်နှင့် သံတမန် နည်းလမ်းအရ ဖြေရှင်းရေးအတွက်    အိန္ဒိယ ဝန်ကြီးချုပ် မိုဒီက ပန်ကြားခဲ့သည်။

အစ္စရေး-ဟားမတ်စ် ပဋိပက္ခကြောင့် ဂါဇာတွင် ပါလက်စတိုင်း နိုင်ငံသား ၁၀၀၀၀ ကျော်နှင့် အစ္စရေး နိုင်ငံသား ၁၄၀၀ ကျော် သေဆုံးခဲ့သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ