နေပြည်တော် နိုဝင်ဘာ ၈
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး Mr. Alexander Sergeevich Shatirov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ နံနက် ၉နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် အဆင့်မြင့် နည်းပညာအသုံးပြု၍ ဘူမိဗေဒမြေပုံရေးဆွဲခြင်း၊ ဓာတ်သတ္တု ရှာဖွေစမ်းသပ်ခြင်းနှင့် ဓာတ်သတ္တုဆိုင်ရာ အချက်အလက်များ စုစည်းသုံးသပ်ခြင်း ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်