နိုဝင်ဘာ ၉

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း စာရီပါလ်ပြည်နယ် Sozma Qala ခရိုင်တွင် ယမန်နေ့က ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် ကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ယနေ့တွင် ပြောကြားသည်။

အဆိုပါဒေသရှိ နေရာအများအပြားတွင် ယမန်နေ့မွန်းလွဲပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်ဟု ၎င်းက ထပ်လောင်းပြောသည်။

ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် ထိုဒေသရှိလယ်မြေဧက ရာနှင့်ချီပြီးပျက်စီးခဲ့သည်ဟု ၎င်းကဆိုသည်။

မြို့တော်ကဘူးလ်နှင့် တောင်ထူထပ်သောပြည်နယ်များအပါအဝင် အာဖဂန်နစ္စတန်နိုင်ငံနေရာအနှံ့အပြားတွင် လွန်ခဲ့သောနှစ်ရက်အတွင်း နှင်းများကျဆင်းကာ မိုးများရွာသွန်းခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို