ရန်ကုန်၊ နိုဝင်ဘာ ၉

 

မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့က ကြီးမှူး၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရုရှားသိပ္ပံ အကယ်ဒမီ၊ တရုတ်နှင့် ခေတ်ပြိုင်အာရှရေးရာအင်စတီကျုနှင့် ပူးပေါင်းလျက် “Opportunities and Challenges for Russia’s Turn East Policy in Southeast Asia” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၈ ရက်နှင့် ၉ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့၏ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေး အဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များ၊ ဝါရင့်သုတေသီများနှင့် သုတေသီ လက်ထောက်များ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်နှင့် တရုတ်နှင့် ခေတ်ပြိုင် အာရှရေးရာ အင်စတီကျုမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်တို့မှ ကျောင်းသူကျောင်းသားများ တက်ရောက်၍ အင်ဒိုချိုုင်းနားကျွန်းဆွယ်ရှိ လက်နက်ကိုင်တပ်ဖွဲ့များ၏ အုပ်ချုပ်မှုပုံစံများ၊ အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများနှင့် အရှေ့တောင် အာရှဒေသများနှင့် ရုရှားနိုင်ငံတို့၏ စီးပွားရေးဆိုင်ရာ ပေါင်းစပ်မှုနည်းလမ်းများ၊ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် နှစ်နိုင်ငံဆက်ဆံရေးအပေါ် ပညာရပ်ဆိုင်ရာ အမြင်များကို ဆွေးနွေး တင်ပြခဲ့ကြသည်။

 

သတင်းစဉ်