နိုဝင်ဘာ ၁၀

လာအိုနိုင်ငံသို့  ၂၀၂၃ ခုနှစ် ပထမကိုးလအတွင်း နိုင်ငံခြားသားခရီးသွား ၂ ဒသမ ၄ သန်းကျော် ဝင်ရောက်ခဲ့ရာ ၂၀၂၂ ခုနှစ် အလားတူကာလက နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုနှင့်နှိုင်းယှဉ်ပါက ၂၈၅ ရာခိုင်နှုန်းပိုမိုများပြားကြောင်း ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ နောက်ဆုံးသတင်းထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံသို့လာရောက်သောနိုင်ငံခြားသားခရီးသွားများတွင် အာဆီယံနိုင်ငံများမှ ခရီးသွား ၁ ဒသမ ၆ သန်းကျော်၊ အာရှ-ပစိဖိတ်ဒေသမှ ခရီးသွား ၆၃၆၆၈၇ ဦး၊ ဉရောပမှ ခရီးသွား ၁၄၂၈၄၅ ဦး၊ အမေရိကန်ပြည်ထောင်စုမှ ခရီးသွား ၅၄၆၈၆ ဦးတို့ပါဝင်ကြောင်း လာအိုသတင်းအေဂျင်စီက ယမန်နေ့ကဖော်ပြထားသည်။

လာအိုနိုင်ငံသို့ ခရီးသွားများပိုမိုလာရောက်ခြင်းသည် ယခုအခါ နိုင်ငံတစ်ဝန်းတွင် ခရီးသွားလာမှု အဝင်၊ အထွက် ပိုမိုလွယ်ကူခြင်း၊ တရုတ်-လာအို ရထားလမ်းနှင့် အဝေးပြေးလမ်းမများပေါ် ခရီးသွားလာမှုပိုမိုမြန်ဆန်ခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရသည်။

လာအိုအစိုးရအဖွဲ့နှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများသည် နိုင်ငံတကာပြပွဲများမှတစ်ဆင့်  ခရီးသွားလုပ်ငန်းဆိုင်ရာ ထုတ်ကုန်အသစ်များဖွံ့ဖြိုးတိုးတက်မှုနှင့် အာဆီယံခရီးသွားလုပ်ငန်းပြပွဲများ၊ နိုင်ငံတကာပြပွဲများမှ တစ်ဆင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

လာအိုအစိုးရအဖွဲ့က လာမည့်နှစ်တွင် လာအိုနိုင်ငံသို့ ပြည်တွင်း၊ ပြည်ပခရီးသွား ၄ ဒသမ ၆ သန်းထက်မနည်းရှိပြီး အမေရိကန်ဒေါ်လာ ၇၁၂ သန်း ဝင်ငွေရရှိမည်ဟု မျှော်မှန်းထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို