ထားဝယ် နိုဝင်ဘာ ၁၄

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကနိုင်းဒါကျေးရွာတွင် တည်ထားကိုးကွယ်လျက်ရှိသော ရွှေသာလျောင်းဘုရားကြီး ပြုပြင်ရန်နှင့် ထားဝယ်တက္ကသိုလ်ဓမ္မာရုံ ဆောက်လုပ်နိုင်ရန်အတွက် အလှူငွေပေးအပ်ပွဲကို နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အမှာစကား ပြောကြားပြီး ရွှေသာလျောင်းဘုရားကြီး ပြုပြင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းငွေကျပ် ၁၀ သိန်း၊ ကုမ္ပဏီနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ စေတနာရှင်၊ အလှူရှင်များက လှူဒါန်းငွေကျပ် သိန်း ၅၀၊ ထားဝယ်တက္ကသိုလ်ဓမ္မာရုံ ဆောက်လုပ်နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းငွေကျပ် ၁၀ သိန်း၊ ကုမ္ပဏီနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ စေတနာရှင်၊ အလှူရှင်များက လှူဒါန်းငွေကျပ် သိန်း ၄၅၀ စုစုပေါင်း လှူဒါန်းငွေကျပ် သိန်း ၅၂၀ အား သက်ဆိုင်ရာ တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့သည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)