မိတ္ထီလာ နိုဝင်ဘာ ၁၄

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အကြမ်းဖက်များအား ဆန့်ကျင်ရှုတ်ချခြင်းနှင့် ရွှေတန်းရောက် တပ်မတော်သား များအား အားပေးထောက်ခံပွဲကို နိုဝင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းက ခရိုင်အားကစားကွင်း၌ ကျင်းပခဲ့သည်။

 

အကြမ်းဖက်များအား ဆန့်ကျင်ရှုတ်ချခြင်းနှင့် ရှေ့တန်းရောက် တပ်မတော်သားများအား အားပေးထောက်ခံပွဲတွင် အမျိုးသားရေး ထောက်ခံသူ သူရိယစန္ဒာကျောင်းတိုက် ဆရာတော် ဥူးပညီန္ဒ၊ အမျိုးသားရေး ထောက်ခံသူ ကံသာအေးကျောင်းတိုက်မှ ကံသာအေးဆရာတော် ဥူးကုန္ဒရနှင့် အမျိုးသားရေးထောက်ခံသူ မိတ္ထီလာမြို့နယ်မှ ဦးညီညီဝင်းထွန်းတို့က NCA ကို ဆန့်ကျင်ပြီး စစ်ပွဲခေါ်ယူခဲ့သည့်  KIA/ AA/ TNLA/ MNDAA/ BPLA / အကြမ်းဖက် PDF တို့အား ဆန့်ကျင်ရှုတ်ချခြင်းနှင့် ရှေ့တန်းရောက် တပ်မတော်သားများအား အားပေးထောက်ခံကြောင်း ဟောပြောကြသည်။ ယင်းနောက် တက်ရောက်လာသော မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များမှ ပြည်သူများက “တရားသောစစ် အောင်ရမည်၊ တပ်နှင့်ပြည်သူ အတူတူ သွေးခွဲလာသူ -ဒို့ရန်သူ၊  အစဉ်အလာကောင်းတဲ့ တပ်မတော် - ဒို့တပ်မတော်၊ တပ်မတော် ဖြိုခွဲမည့်အကြံ- ဒို့လက်မခံ၊  တပ်မတော်အင်အားကို ချိုးနှိမ်မှု မှန်သမျှ ချေမှုန်းကြ၊ တပ်နှင့် ပြည်သူ လက်တွဲတူ ပြည်ထောင်စုဖြိုခွဲသူမှန်သမျှ ချေမှုန်းကြ၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေး  - ဒို့အရေး၊  အချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်သည့်  တပ်မတော် - ဒို့တပ်မတော်၊ KIA/ AA/TNLA/ MNDAA/ BPLA / အကြမ်းဖက် PDF များအား -အလိုမရှိ၊  နယ်မြေတည်ငြိမ်အေးချမ်းရေး- ဒို့အရေး၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အသက်အိုအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေသည့် ရှေ့တန်းရောက် တပ်မတော်သားများအား ကျန်းမာပါစေ” ကြွေးကြော်ခဲ့ကြသည်။

 

အဆိုပါ အကြမ်းဖက်များအား ဆန့်ကျင်ရှုတ်ချခြင်းနှင့် ရွှေတန်းရောက် တပ်မတော်သားများအား အားပေးထောက်ခံပွဲကို မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များမှ ပြည်သူများက ဥပဒေနှင့်အညီ ဆောင်ရွက်သော တပ်မတော်အား ကြိုဆိုပါသည်၊ ပြည်သူတို့၏ အကျိုးအမှန်ဖော်သည့် တပ်မတော်ကို ထောက်ခံ့ပါသည်၊အစဉ်အလာကောင်းတဲ့ ဒို့တပ်မတော်…ဒို့တပ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ ၏ အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေး ဒို့အရေး…ဒို့အရေး စသည့် ပိုစတာများ ကိုင်ဆောင်၍ တက်ရောက်ခဲ့ကြသည်။

 

ခရိုင်(ပြန်/ဆက်)