နေပြည်တော် နိုဝင်ဘာ ၁၆

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည့် ဆပ်ပြာရည်ထုတ်လုပ် ခြင်းသင်တန်း၊ Bakery မုန့်ပြုလုပ်နည်း သင်တန်းဆင်းပွဲနှင့် ထူးချွန်သူများ လုပ်ငန်းသုံး ပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့ သီရိမင်္ဂလာခန်းမ၌ကျင်းပရာ  သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေး မှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းသားသင်တန်းသူများနှင့် ရပ်မိရပ်ဖများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယခုလယ်ဝေးမြိုနယ်၊ မြို့ကုန်းကျေးရွာတွင် ဖွင့်လှစ်ခဲ့သည့် စားသောက်ကုန်သင်တန်းအတွက် သင်တန်းသားတစ်ဦးလျှင်ငွေကျပ် ၁၂ ဒသမ ၅၁၅၂သိန်းကျော်နှင့်ညီမျှသော လုပ်ငန်းသုံးပစ္စည်း စုစုပေါင်း ငွေကျပ် ၆၂ ဒသမ ၅၇၆ သိန်း တန်ဖိုးရှိ လုပ်ငန်းသုံးပစ္စည်းများကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ အလားတူ လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာတွင် ဖွင့်လှစ်သည့် လူသုံးကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းအတွက် သင်တန်းသား တစ်ဦးလျှင် ငွေကျပ် ၁၂ ဒသမ ၃၇၈ သိန်း နှင့်ညီမျှသော လုပ်ငန်းသုံးပစ္စည်း စုစုပေါင်းငွေကျပ် ၆၁ ဒသမ ၈၉ သိန်း တန်ဖိုးရှိ လုပ်ငန်းသုံး ပစ္စည်းများကို ပေးအပ်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦးက ယခုသင်တန်းမှ လုပ်ငန်းသုံး ပစ္စည်းများ အသုံးပြုခွင့် ရရှိသည့် ထူးချွန်သူ သင်တန်းသားများနေဖြင့် ရရှိသည့် အခွင့်အရေးကို အကျိုးရှိရှိ အသုံးချပြီး ကိုယ်ပိုင်လုပ်ငန်းငယ်များထူထောင်ကာ အောင်မြင်သည့် စီးပွားရေးလုပ်ငန်း ရှင်များ ဖြစ်ပေါ်စေရေး ကြိုးစားဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် သင်တန်းဆင်းသူများအနက်မှ လုပ်ငန်းထူထောင်လိုသူ ထူးချွန်သင်တန်းသား များကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ကြရာ ပြည်ထောင်စုဝန်ကြီး ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ၊ ဒုတိယဝန်ကြီး နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကဆုများ ပေးအပ်ချီးမြှင့်ကြ သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန စားရိပ်သာများတွင် ဝန်ထမ်းများ နေ့လည်စာ စားသုံးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်