၂၁ ဖေဖော်ဝါရီ


ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှုံး/ထွက် ပထမအကျော့ ဒုတိယပွဲစဉ်များကို ကြာသပတေးနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီး အက်သလက်တီကိုမက်ဒရစ်နှင့် မန်စီးတီးအသင်းတို့ နိုင်ပွဲကိုယ်စီ ရယူနိုင်ခဲ့ကြပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့ အခြေနေကောင်းသွားခဲ့ပြီဖြစ်သည်။ 

 

123


အက်သလက်တီကိုမက်ဒရစ်နှင့် ဂျူဗင်တပ်အသင်းတို့၏ ပွဲစဉ်တွင် အိမ်ရှင် အက်သလက်တီကိုမက်ဒရစ်က ဂျူဗင်တပ်အသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ နှစ်သင်းစလုံးမှာ ပထမပိုင်းတွင် ဂိုးကန်သွင်းခွင့် အနည်းငယ်သာ ရရှိခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိခဲ့သလို ဒုတိယပိုင်းတွင် အိမ်ရှင် အက်သလက်တီကို မက်ဒရစ်အသင်းက ဂျူဗင်တပ် အသင်းကို ဖိအားပေးကစားရာမှ ပွဲချိန် ၇၈ မိနစ်တွင် ဟီမင်နက်ဇ်၊ ၈၃ မိနစ်တွင် ဂိုဒင်တို့က ဂိုးတွေသွင်းယူခဲ့ကြပြီး ပထမအကျော့မှာ နိုင်ပွဲရယူနိုင်ခဲ့သည်။ 


အခြားပွဲစဉ်အဖြစ် ရှော်လ်ကေးအသင်းနှင့် မန်စီးတီးအသင်းတို့၏ ပွဲစဉ်တွင် မန်စီးတီးက တစ်ယောက်လျော့ အနေအထားကနေ နောက်ကလိုက်ကစားရာမှာ နှစ်ဂိုး သုံးဂိုးဖြင့် အံ့အားသင့်ဖွယ် အနိုင်ယူနိုင်ခဲ့သည်။ ရှောလ်ကေး၏ အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင် ကစားခဲ့ရသည့် မန်စီးတီးအသင်းသည် ပွဲချိန် ၁၉ မိနစ်တွင် အဂူရိုးက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သော်လည်း ရှော်လ်ကေး က ပွဲချိန် ၃၈ နှင့် ၄၅ မိနစ်တို့တွင် ပင်နယ်တီကနေ ဘင်တာလက်ဘ်က နှစ်ဂိုးဆက်သွင်းယူကာ ပြန်လည်ဦးဆောင် ကစားနိုင်ခဲ့သည်။ 


ဒုတိယပိုင်း ပွဲချိန် ၆၈ မိနစ်တွင် မန်စီးတီးနောက်ခံလူ အော်တာမန်ဒီ နှစ်ဝါ တစ်နီဖြင့် အထုတ်ပယ်ခံလိုက်ပြီး တစ်ယောက်လျော့ အနေအထားဖြင့် ယှဉ်ပြိုင်ကစားခဲ့ရာမှ ဆာနေး က ၈၅ မိနစ်တွင် ပြစ်ဒဏ်ဘောကတစ်ဆင့် ဒုတိယချေပဂိုးပြန်လည်သွင်းယူ ပေးနိုင်ခဲ့သည်။ မန်စီးတီးအတွက် အဖိုးတန် အနိုင်ဂိုးကို ပွဲကစားချိန် မိနစ် ၉၀ တွင် စတာလင်က သွင်းယူခဲ့သဖြင့် အဝေးကွင်းမှာ မန်စီးတီးအသင်း အနိုင်သုံးမှတ် ရယူနိုင်ခဲ့သည်။ 


MDN