နေပြည်တော် နိုဝင်ဘာ ၁၇

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်-မန္တလေးလမ်းပိုင်း)ရှိ တိုးလ်ဂိတ်များဖြစ်သည့် စီလမ်းဆုံ တိုးလ်ဂိတ်၊ ပန်းတင်တိုးလ်ဂိတ်၊ ပေပင်လေးတိုးလ်ဂိတ်၊ သီးကုန်းတိုးလ်ဂိတ်၊ ကံကောင်းတိုးလ်ဂိတ် ၊စကားအင်းတိုးလ်ဂိတ်၊ အိုးထုတ္တန်းတိုးလ်ဂိတ်များ၌ လမ်းအသုံးပြုခ ကောက်ခံနေမှုကို ကြည့်ရှုစစ်ဆေးပြီး ယာဉ်ဖြတ်သန်းခကောက်ခံရာတွင် လေလွင့်ပျောက်ဆုံးမှုမရှိစေရေး၊ တိုးလ်ဂိတ်တိုင်းတွင် CCTV များ တပ်ဆင်ပြီး Computer စနစ်ဖြင့် ဆောင်ရွက်ရေးမှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်အနီးရှိ မြန်မာ့အားသစ်မာန် ကုမ္ပဏီမှ‌ ဆောက်ရွက်လျက်ရှိသော EV Charging Station ဆောက်ရွက်ပြီးစီးမှု၊ မန္တလေးကမ်းနားလမ်းအနီး ရာဇာမင်းကုမ္ပဏီမှ‌ ဆောက်ရွက်လျက်ရှိသော EV Charging Station နှင့် မန္တလေးဘူတာကြီးအနီး NPK ကုမ္ပဏီမှ‌ ဆောက်ရွက်လျက်ရှိသော EV Charging Station တို့ကို ကြည့်ရှုစစ်ဆေးပြီး ကော်မတီမှ သတ်မှတ်ထားသည့် ပုံစံအတိုင်း အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရေး မှာကြားသည်။

(သတင်းစဉ်)