နေပြည်တော် နိုဝင်ဘာ ၁၈

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အဆောက်အဦဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၂) အဆောက်အဦအထူးအဖွဲ့(၆)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင်(ခ)အဆင့် စုပေါင်းရုံး(၃)ထပ်အဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းခွင်ကို သွားရောက်စစ်ဆေးသည်။

ဦးစွာ အဆောက်အဦအထူးအဖွဲ့(၆) တာဝန်ခံအင်ဂျင်နီယာမှ Site Plan ၊ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းစာရင်း၊ လုပ်ငန်းစီမံချက် များအား ရှင်းလင်းတင်ပြပြီး အဆောက်အဦဦး စီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေးနှင့်လက်ရာလက်သား ကောင်းမွန်အောင်တည်ဆောက်ရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးတို့ကို အထူးအလေးထား ဆောင်ရွက်ရန်မှာကြားပြီး စုပေါင်းရုံး(၃)ထပ်အဆောက်အဦ   တည်ဆောက်ရေး လုပ်ငန်းခွင် အတွင်းသို့ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ် (၆၂)လမ်းနှင့်ကနောင် မင်းသားကြီးလမ်းထောင့်တွင် ရာဇာမင်းကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသည့် EV Charging Station လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ဆောင်ရွက် လျက်ရှိသော EV Charging Station များကို ကော်မတီမှသတ်မှတ်ထားသည့် ပုံစံအတိုင်း အမြန်ဆုံးပြီးစီးနိုင်ရေးဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်ပြီးစီးပါက ဖွင့်ပွဲအခမ်းအနားဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အဆောက်အဦဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၂) အဆောက်အဦအထူးအဖွဲ့(၆)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) အဆောက်အဦတည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိရာ တာဝန်ခံအင်ဂျင် နီယာက Site Plan ၊ ဘဏ္ဍာနှစ်အလိုက်လုပ်ငန်းစာရင်း၊ လုပ်ငန်းစီမံချက်များကို ရှင်းလင်းတင်ပြပြီး အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။ 

တင်ပြချက်များကို ဒုတိယဝန်ကြီးက လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးဆောင်ရွက်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေးနှင့် လက်ရာလက်သားကောင်းမွန်အောင် တည်ဆောက်ရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးတို့အား တာဝန်ရှိသူအဆင့်ဆင့်မှ အထူးအလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်