မန္တလေး  နိုဝင်ဘာ ၁၉

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ နံနက်ပိုင်းက အိန္ဒိယ သမ္မတနိုင်ငံ၏ နည်းပညာအထောက်အပံ့ဖြင့် တည်ထောင်ဖွင့်လှစ်ခဲ့သော မန္တလေးမြို့ရှိ မြန်မာသတင်း အချက်အလက်နည်းပညာတက္ကသိုလ် (Myanmar Institute of Information Technology - MIIT)၌ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက သုတေသနလုပ်ငန်းများကို ပြည်သူများ၏ လူမှုဘဝမြှင့်တင်မှုမှသည် ရေရှည်အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန်၊ စွန့်ဦးတီထွင်လုပ်ငန်းများ MSMEs များ  ဖွံ့ဖြိုးတိုးတက်ရေးမှသည် နိုင်ငံ့စီးပွားမြှင့်တင်ရာတွင် အထောက်အကူပြုနိုင်ရန်အထိ ရည်ရွယ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းကာ IT နည်းပညာများ နောက်ကျမကျန်ခဲ့ရအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်း ပြည်ပရှိ ဆက်စပ်တက္ကသိုလ်/ဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်လိုအပ်ကြောင်း မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။  

 

ယင်းနောက် ဒုတိယဝန်ကြီးသည် စာကြည့်တိုက်၊ စာသင်ခန်းများနှင့် သိပ္ပံလက်တွေ့ခန်းများတွင် ကျောင်းဖွင့်ချိန် မတိုင်မီ ပြင်ဆင်ထားမှုများ၊ Robotics Lab ၊ Communication Lab ၊ Embedded System Lab ၊ Control System Lab ၊ Computer Networking Lab ၊ Electronics Lab နှင့် အခြား Lab တို့တွင် လက်တွေ့ သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းထားရှိမှုများ၊ ကျောင်းသား ကျောင်းသူများ၏ သုတေသနများဖြစ်သည့် Online Book Store System ၊ Online Flight Ticket Reservation System ၊ Smart HR System ၊ Electronic Product Recommendation System နှင့် အခြားသုတေသနများကို ကြည့်ရှုစစ်ဆေးပြီး AI ဆိုင်ရာသုတေ သနများ၊ ပြန်ပြည့်မြဲ စွမ်းအင်အခြေပြု Smart Grid နှင့် EV များတွင်အသုံးပြုသည့် IT သုတေသနများ၊ Cyber Security ဆိုင်ရာ သုတေသနများကိုဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)