၂၁ ဖေဖော်ဝါရီ

 

Galaxy ဆယ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် တောင်ကိုရီးယားနိုင်ငံထုတ် ဆမ်ဆောင်း စမတ်ဖုန်းအသစ်ကို မနေ့က စတင်မိတ်ဆက်လိုက်ပါတယ်။ အသစ်ထုတ်လုပ်တဲ့ ခေါက်ထားနိုင်တဲ့ စမတ်ဖုန်းဟာ ဖြန့်လိုက်လျှင် တပ်ပလတ် (tablet) တစ်ခုလို ဖြစ်သွားပြီး 5G နက်ဝပ်ကို အသုံးပြုထားတာကိုလည်း တွေ့ရပါတယ်။ ဒီမိတ်ဆက်ပွဲကို အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမှာ ပြုခဲ့တာဖြစ်ပါတယ်။ 

 

1

 

ဆမ်ဆောင်းဖုန်းအသစ် Galaxy Fold ရဲ့ မျက်နှာပြင်ဟာ ၄.၆ လက်မရှိပြီး ဖြန့်လိုက်လျှင် ၇.၃ လက်မအရွယ် တပ်ပလတ် (tablet) တစ်ခုလိုဖြစ်သွားတာကို တွေ့ရပါတယ်။ ဒီဖုန်းကို ဧပြီ ၂၆ ရက်မှာ စားသုံးသူတွေ လက်ထဲကို ရောက်ရှိအောင် ဖြန့်ချီသွားမှာဖြစ်ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၉၈၀ (မြန်မာငွေ သိန်း ၃၀ နီးပါး) ဖြစ်ပါတယ်။

2

 

Galaxy Fold ဖုန်းရဲ့ ထူးခြားချက်ကတော့ YouTube ဗီဒီယိုကို ကြည့်နိုင်တယ်။ မိတ်ဆွေသူငယ်ချင်းဆီကို စာပို့နိုင်တယ်။ ခရီးသွားဖို့အတွက်လည်း ခရီစဉ် ရှာဖွေနိုင်တယ်။ အဲဒီအလုပ်တွေကို တစ်ချိန်တည်း လုပ်နိုင်တာက ဒီဖုန်းရဲ့ ထူးခြားချက်ဖြစ်ပါတယ်။ Galaxy Fold  ဟာ တခြားစမတ်ဖုန်းတွေနဲ့ မတူတဲ့ ကန့်သတ်မှုမရှိတဲ့ အကောင်းဆုံး ပစ္စည်းဖြစ်တယ်လို့ ဆိုပါတယ်။ 

 

3

 

မနေ့ကဘဲ GalaxyS10 စမတ်ဖုန်း အသစ်ကို လာမယ့် သီတင်းပတ် မိုဘိုင်းကမ္ဘာကွန်ကရက်မှာ မိတ်ဆက်သွားဖို့ ရှိနေပါတယ်။ ဆမ်ဆောင်းရဲ့ ပြိုင်ဘက်တွေကလည်း 5G နက်ဝက်ကို အဲဒီကွန်ကရက်မှာ မိတ်ဆက်မယ်လို့ မျှော်လင့် ရပါတယ်။ 

 

5

 

GalaxyS10 5G စမတ်ဖုန်း ရဲ့ က S10e အမေရိကန်ဒေါ်လာ ၇၄၉ ရှိပြီး S10 Plus အမေရိကန်ဒေါ်လာ ၉၉၉ ပေးရမှာ ဖြစ်ပါဖြစ်ပါတယ်။ GalaxyS10 ဖုန်းတွေ ကတော့ မတ်လ ၈ ရက်နေ့မှာ ဈေးကွက်ကို ရောက်ရှိမှာဖြစ်ပါတယ်။ 

 

MDN
ကိုးကား - AFP