ဘူးသီးတောင် နိုဝင်ဘာ ၂၀

 

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့သို့ စစ်တွေတက္ကသိုလ်တွင် အဝေးသင်တက်ရောက်နေသည့် ကျောင်းသား၊ကျောင်းသူများ ရောက်ရှိလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကျောင်းသား၊ ကျောင်းသူများသည် ရွှေပြည်တန် အမြန်ရေယာဉ်များဖြင့် နိုဝင်ဘာလ ၁၉ရက်နေ့နံနက် ၈နာရီအချိန်က စစ်တွေမြို့မှ ထွက်ခွာလာခဲ့ရာ ဘူးသီးတောင်မြို့၊ မီးရထားဆိပ်ရပ်ကွက် အမြန်ရေယာဉ်ဆိပ်သို့ ညနေပိုင်း အချိန်ရောက်ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ အဝေးသင်ကျောင်းသား ၊ကျောင်းသူများမှာ ကျောင်းသား( ၁၇၄)ဦး၊ကျောင်းသူ(၂၃၈ )ဦး စုစုပေါင်း (၄၁၄)ဦးရှိပြီး ဘူးသီးတောင်မြို့နယ်မှ ကျောင်းသား ကျောင်းသား/သူများမှာ မိမိတို့အစီ အစဉ်ဖြင့် နေရပ်များသို့ ထွက်ခွာသွားရှိကာ မောင်တောမြို့နယ်မှ အဝေးသင် ကျောင်းသား/ သူများအား မိမိတို့၏နေရပ်များသို့ ပို့ဆောင်နိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စီမံဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

 

မြို့နယ်( ပြန်/ဆက်)