အဘူဂျာ နိုဝင်ဘာ ၂၁
အာဖရိက၏ လူဦးရေအထူထပ်ဆုံးနိုင်ငံဖြစ်သော နိုင်ဂျီးရီးယားနိုင်ငံတွင် ထိခိုက်လွယ်သော ကလေးငယ် သန်း ၁၀၀ ခန့်သည် ရာသီဥတုပြောင်းလဲမှုဒဏ်နှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီ ဆက်ဖ်)၏ ထုတ်ပြန်ချက်အရ သိရသည်။
ကလေးငယ်များ ရာသီဥတုပြောင်းလဲမှုဒဏ်ခံရမှုနှင့်ပတ်သက်ပြီး နိုင်ဂျီးရီးယားနိုင်ငံသည် ကမ္ဘာပေါ် တွင် ဒုတိယမြောက်အထိခိုက်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ကလေးငယ် သန်း ၁၀၀ ခန့်မှာ အပူချိန်မြင့်တက်လာခြင်း၏ ပြင်းထန်သောဖြစ်ရပ်များကို ရင်ဆိုင်နေကြရကြောင်း နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ကာနိုပြည်နယ်ရှိ ယူနီဆက်ဖ်ဆိုင်ရာ ကွင်းဆင်းအရာရှိဖြစ်သူ ဖာရာမာမွတ်က နိုဝင်ဘာ ၂၀ ရက်တွင် မီဒီယာသို့ ပြောသည်။
ထိုကဲ့သို့ မြင့်တက်လာမှုကြောင့် ကုလသမဂ္ဂအေဂျင်စီသည် ရာသီဥတုပြောင်းလဲမှုနှင့် ထိခိုက် လွယ်သော ကလေးငယ်များ၏ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ၂၀၂၃-၂၀၂၇ ခုနှစ် လုပ်ငန်းစီမံချက်တစ်ခုကို ရေးဆွဲလိုက်ကြောင်း မာမွတ်က ဆက်ပြောသည်။
ယူနီဆက်ဖ်၏ တရားဝင်ထုတ်ပြန်ချက်တွင် ကမ္ဘာတစ်ဝန်းရာသီဥတု အကျပ်အတည်း၏ သက်ရောက်မှုများကို အလွန်အမင်းအန္တရာယ်မြင့်မားမှုနှင့် ကလေးငယ် တစ်ဘီလီယံခန့် ရင်ဆိုင် နေကြရကြောင်း ဖော်ပြထားသည်။ နိုင်ဂျီးရီးယားကလေးငယ်များသည် ရာသီဥတုပြောင်းလဲမှု ဒဏ်အပြင် ရေကြီးရေလျှံမှု၊ မိုးခေါင်မှုနှင့် ပြင်းထန်သော မုန်တိုင်းများနှင့်လည်း ရင်ဆိုင်ကြုံတွေ့ ရလျက်ရှိကြောင်း ၎င်းကပြောသည်။
ဆင်ဟွာ