နိုဝင်ဘာ ၂၂
အင်ဒိုနီးရှားနိုင်ငံတွင် မျောက်ကျောက်ရောဂါသည် ပြည်နယ်ငါးခုတွင် ပျံ့နှံ့ဖြစ်ပွားလျက်ရှိသည်ဟု ကျန်းမာရေး ဝန်ကြီးဌာနက ယမန်နေ့က ပြောကြားသည်။
မျောက်ကျောက်ရောဂါဖြစ်ပွားရာမှ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူဦးရေ ၃၀ အပါအဝင် မျောက်ကျောက်ရောဂါအတည်ပြုလူနာ ၅၁ ဦးရှိကြောင်း ဆက်သွယ်ရေးနှင့်ပြည်သူ့ဝန်ဆောင်မှုဝန်ကြီးဌာန အကြီးအကဲက ပြောကြားသည်။
မြို့တော်ဂျာကာတာတွင် မျောက်ကျောက်ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်ပြီး မျောက်ကျောက်ရောဂါဖြစ်ပွားရာမှ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ ၂၃ ဦးအပါအဝင် ၃၈ ဦးရှိသည်ဟု သိရသည်။
အနောက်ဂျာဗားပြည်နယ်တွင် ခြောက်ဦး၊ ဘန်တန်ပြည်နယ်တွင် ငါးဦး၊ Riau တွင် တစ်ဦးနှင့် အရှေ့ဂျာဗားပြည်နယ်တွင် တစ်ဦးတို့ မျောက်ကျောက်ရောဂါဖြစ်ပွားသည်ကိုတွေ့ရှိခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံတွင် မျောက်ကျောက်ရောဂါဖြစ်ပွားမှုကို ယခုနှစ် အောက်တိုဘာ ၁၃ ရက်က ပထမဆုံးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းရောဂါဖြစ်ပွားသူသည် အခြားသောနိုင်ငံများသို့ ခရီးသွားရာမှပြန်လာသူတစ်ဦးဖြစ်ကြောင်း ဖော်ပြထားသည်။
ကူးစက်ရောဂါပျံ့ပွားခြင်းနှင့်ကာကွယ်ရေးဆိုင်ရာပညာရှင်များ၏ခန့်မှန်းချက်အရ တစ်နှစ်အတွင်း မျောက်ကျောက် ရောဂါဖြစ်ပွားသူ ၃၆၀၀ ရှိလာနိုင်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို