နိုဝင်ဘာ ၂၂

 အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်၏အရှေ့တောင်ဘက် Wrangell မြို့တွင် နိုဝင်ဘာ ၂၀ ရက်ညပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့သဖြင့် သုံးဦးထက်မနည်းသေဆုံးပြီး သုံးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူများက ယမန်နေ့က ပြောကြားသည်။

အဆိုပါမြေပြိုမှုကြောင့် နိုဝင်ဘာ ၂၀ ရက်ညပိုင်းက အမျိုးသမီးတစ်ဦး၏အလောင်းကို တွေ့ရှိခဲ့ပြီး ယမန်နေ့မွန်းလွဲပိုင်းက လူငယ်နှစ်ဦး၏အလောင်းကို တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထိုဒေသတွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းများတိုက်ခတ်ပြီးနောက် မြေပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ခန့်မှန်းတွက်ချက်မှုအရ ပေ ၄၅၀ အကျယ် မြေပြိုမှုကြောင့် သိသိသာသာပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း ပြည်နယ်သယ်ယူပို့ဆောင်ရေးတာဝန်ရှိသူများ၏ပြောကြားချက်အရသိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို