စဉ့်ကိုင်  နိုဝင်ဘာ ၂၅

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲတွေ့ဆုံပွဲ အခမ်းအနား ကို နိုဝင်ဘာ ၂၄ ရက်က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများ၊ ဌာနတာဝန်ခံများ၊ ဆရာ/ ဆရာမများ၊ မောင်မယ်သစ်လွင်ကျောင်းသား၊ ကျောင်းသူများနှင့် အခြားဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

အခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာစန်းစန်းတင့်က အမှာစကား ပြောကြားပြီး သက်ဆိုင်ရာပါမောက္ခ (ဌာနမှူး)ဆရာ ဆရာမများက ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ခြင်းနှင့် ကြိုဆိုနှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)