ကွန်ဟိန်း    နိုဝင်ဘာ ၂၅

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲအား ယမန်နေ့ မွန်းလွဲ (၁:၀၀)နာရီခန့်က အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ရှေ့ဦးစွာ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းက ပြိုင်ပွဲ စည်းကမ်းများ ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲကိုဆက်လက်ကျင်းပရာ မူလတန်းအဆင့် ကျပန်းစကား ပြောပြိုင်ပွဲတွင် “အမျိုးသားရေးနှင့် ယနေ့လူငယ်တာဝန်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်း အဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင်  “အမျိုးသားစိတ်ဓာတ်မြှင့်တင်လို့ ဖက်ဒရယ်ဒီမိုကရေစီရယူစို့” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် “သွေးချင်းများ ချစ်ကြည်တည်တဲ့မြန်မာပြည်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်ခဲ့ကြသည်။

 

အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲကို  အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)