မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် (ငြိမ်း) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့  အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့၏ (၃၅) ကြိမ်မြောက် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးနှင့် (၂၂) ကြိမ်မြောက် အထွေထွေညီလာခံ တက်ရောက်ရန် ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ မနီလာမြို့သို့ ထွက်ခွာ

နေပြည်တော် နိုဝင်ဘာ ၂၅

ဖိလစ်ပိုင်သမ္မတနိုင်ငံ၊  မနီလာမြို့၊ Sofitel Philippine Plaza Manila ဟိုတယ်၌ နိုဝင်ဘာ ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပပြုလုပ်မည့် အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့၏ (၃၅) ကြိမ်မြောက် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးနှင့် (၂၂) ကြိမ်မြောက် အထွေထွေညီလာခံသို့ တက်ရောက်ရန် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင် အဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် (ငြိမ်း) ဦးဆောင် သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ မနီလာမြို့သို့ ထွက်ခွာသွားသည်။ 

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီးစစ်မှု ထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ (စည်ပင်အတွင်း/ပြင်ပ) မှ တာဝန်ရှိသူတို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်