နေပြည်တော် နိုဝင်ဘာ ၂၅
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် တန်ဆောင်တိုင် ရုံး ပိတ်ရက်ကာလအတွင်း ခရီးသွားမိဘပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန်အတွက် ရန်ကုန်-နေပြည်တော်-ရန်ကုန်၊ ရန်ကုန်-မော်လ မြိုင်-ရန်ကုန် နှင့် ရန်ကုန်-ပြည်-ရန်ကုန် ခရီးစဉ်များကို အထူးရထားများဖြင့် အစုန်/အဆန် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
နိုဝင်ဘာ ၂၄ ရက်တွင် နေပြည်တော်-ရန်ကုန် အစုန်အထူးရထား၊ ရန်ကုန်-ပြည်-ရန်ကုန် အစုန်/အဆန် အထူးရထား၊ ရန်ကုန်-မော်လမြိုင်-ရန်ကုန် အစုန်/အဆန် အထူး ရထားများကို ပြေးဆွဲပေးခဲ့ပြီး ယနေ့တွင် ရန်ကုန်-မော်လမြိုင်-ရန်ကုန် အစုန်/အဆန်အထူး ရထား၊ ရန်ကုန်-ပြည်-ရန်ကုန်အစုန်/အဆန်အထူးရထားများ ဆက်လက်ပြေးဆွဲပေးခဲ့သည်။
ထို့ပြင် နိုဝင်ဘာ ၂၆ ရက်တွင် ရန်ကုန်-မော်လမြိုင်-ရန်ကုန် အစုန်/အဆန် အထူးရထား၊ ရန်ကုန်-ပြည်-ရန်ကုန် အစုန်/အဆန်အထူးရထားများကို လည်းကောင်း၊ နိုဝင်ဘာ ၂၇ ရက်တွင် ရန်ကုန်-နေပြည်တော် အဆန်အထူးရထား၊ ရန်ကုန်-ပြည်-ရန်ကုန် အစုန်/အဆန် အထူးရထားနှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် အစုန်/အဆန် အထူးရထားများ ကိုလည်း ကောင်း တန်ဆောင်တိုင်ရုံးပိတ်ရက် ပြီးဆုံး၍ ခရီးသွားမိဘပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများမိမိတို့နေရပ်သို့ အဆင်ပြေစွာ ပြန်လည်ခရီးသွားလာနိုင်ရန်အတွက် ထပ်မံပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းနှင့် ရထားပြေးဆွဲပေးမှုအပေါ် ခရီးသွားပြည်သူများမှ သဘောကျနှစ်သက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်