နေပြည်တော် နိုဝင်ဘာ ၂၆

TNLA အဖွဲ့နှင့် PDF အမည်ခံပူးပေါင်းအကြမ်းဖက်သမားများသည် ဒေသအတွင်းတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် အစိုးရအုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန်အတွက် အကြမ်းဖက်လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သဘာဝဓာတ်ငွေ့နှင့် ရေနံစိမ်းများ  ပို့လွှတ်လျက်ရှိသည့် ပိုက်လိုင်းတွင် အဓိကကျသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ဇီပင်ကျေးရွာအနီးရှိ ထိန်းချုပ်ရေးစခန်းအား TNLA အကြမ်းဖက်သမားများက နိုဝင်ဘာ ၁၅ ရက်မှ ၁၈ ရက်အထိ ဝင်ရောက်နေထိုင်ခဲ့ပြီး  ထိန်းချုပ်ရေးစခန်းရှိ ထိန်းချုပ်ရေးပစ္စည်းများ ထိခိုက်စေရန်ရည်ရွယ်၍ ဖျက်ဆီးမှုများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အကြမ်းဖက်သမားများ၏ စစ်ရေးနှင့်မသက်ဆိုင်သည့် အကြမ်းဖက်လုပ်ရပ်များကြောင့်  တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သဘာဝဓာတ်ငွေ့နှင့် ရေနံစိမ်းများ ပို့လွှတ်ခဲ့ရာတွင် ထိခိုက်မှုရှိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်အနေဖြင့် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်