၂၁ ဖေဖော်ဝါရီ
ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာမြို့က ဓာတုပစ္စည်းတွေ သိုလှောင်ထားတဲ့အဆောက်အအုံကို မီးလောင်တဲ့အတွက် အနည်းဆုံး လူ ၆၉ ယောက်သေဆုံးခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေရှိတဲ့ ၄ ဦးအပါအဝင် ၄၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။

မီးလောင်တဲ့ နေရာဟာ လမ်းတွေ ကျဉ်းမြောင်းခြင်း၊ အဆောက်အအုံတွေများပြားခြင်းနဲ့အတူ အဆောက်အအုံတိုင်းလိုလိုမှာ ဓာတုပစ္စည်းတွေလောင်ကျွမ်းတဲ့အတွက် မီးညွန့်ကျိုးရန် အချိန် ၅ နာရီလောက်အချိန်ယူပြီး ငြှိမ်းသတ်ခဲ့ရကြောင်း သိရပါတယ်။
သေဆုံးသူဦးရေထပ်တိုးနိုင်ကြောင်း၊ မီးလောင်မှုက လျင်မြန်တဲ့အတွက် လူတွေ ထွက်ပြေးဖို့ မလွယ်ကူကြောင်း မီးသတ်ဌာနရဲ့ တာဝန်ရှိသူ မာဖာဇ် ရီဘင် က ပြောပါတယ်။

ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ ည ၁၀ နာရီ ၄၀မိနစ်မှာ စတင်လောင်ကျွမ်းပြီး မီးငြှိမ်းသတ်ရန် မီးသတ်သမား ၂၀ဝ ကျော်ပါဝင်ငြှိမ်းသတ်နေပေမယ့် လုံးဝမငြိမ်းသေးကြောင်း တာဝန်ရှိသူ ရီဘင်က ဆက်ပြောပါတယ်။
၂၀၁၀ ခုနစ်က ဒါကာမြို့မှာ လောင်ခဲ့တဲ့ မီးကြောင့် လူပေါင်း ၁၂၀ ကျော်သေဆုံးခဲ့ပါတယ်။
MDN
ကိုးကား - AFP

