မော်လမြိုင်  ၂၁ ဖေဖော်ဝါရီ    

 

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ယနေ့ နံနက် ၁၀ နာရီက မော်လမြိုင်မြို့ ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

 

03

 

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း(၇)ခုကို မေးမြန်းရာ သက်ဆိုင်ရာဝန်ကြီးများက ပြန်လည်ဖြေကြားပြီး မွန်ပြည်နယ်စာရင်းစစ်ချုပ်၏ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းစစ်ဆေးတွေ့ရှိချက်၊ ဝန်ကြီးဌာနများ၏ ထူးခြား သောစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်းသောအစီရင်ခံစာကိုတင်ပြရာ ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း ၍ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြား ရေးမှူးချုပ်ထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

 

ထို့နောက် “မွန်ပြည်နယ်အတွင်း လူထုအခြေပြုခရီးသွားလုပ်ငန်း(CBT) ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် တိုက်တွန်းကြောင်းအဆို” ကို ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက တင်သွင်းရာ ၄င်း အဆိုကို ပြည်နယ်လွှတ်တော်မှ လက်ခံဆွေးနွေးရန်သင့်ကြောင်းကို ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ထောက်ခံဆွေးနွေးသည်။ အဆိုပါ ဒေါက်တာအောင်နိုင်ဦး၏အဆိုကို လက်ခံဆွေးနွေးရန်သင့်၊ မသင့် ပြည်နယ်လွှတ်တော်မှ ဆုံးဖြတ်ရာ လက်ခံဆွေးနွေးမည်ဖြစ်သဖြင့် အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်များ ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် အမည်စာရင်းတင်သွင်းနိုင် ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပြီး ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယနေ့) ကိုရပ်နားလိုက်ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။

 

MDN